THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန


Thu 19-01-2023

.

         စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများကို ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးအတွက် ပြည်တွင်းပြည်ပနိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အကူအညီ အထောက်အပံ့ ရရှိနိုင်ရေးဆောင်ရွက်ခြင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စက်မှုလုပ်ငန်း မူဝါဒများ၊ ဥပဒေများ ချမှတ်နိုင်ရေးဆောင်ရွက်ခြင်း၊ စက်မှုဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။ 

လုပ်ငန်းတာဝန်များ
အဓိကလုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-     

(က) စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ၏ အထောက်အပံ့များရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုများရရှိရေးတို့အတွက် ဆက်စပ်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ခ) သတ်မှတ်တာ၀န်ပေးထားသည့် စံချိန်စံညွှန်းများရေးဆွဲခြင်း၊
(ဂ) စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲမှုဆိုင်ရာအစီအမံများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ 
(ဃ) စက်မှုလုပ်ငန်း မူဝါဒအပေါ် သုံးသပ်ပြီး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် စက်မှု လုပ်ငန်းဥပဒေ ပြဋ္ဌာန်းထုတ်ပြန်နိုင်ရန် ဆောင်ရွက်ခြင်း၊
(င) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေအရ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်ခြင်း၊ အမျိုးသားအဆင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ စာရင်းပြုစုခြင်းနှင့် အမျိုးအစားခွဲခြားခြင်း၊ ပို့ကုန်/ သွင်းကုန်ပြုလုပ်မည့် ဓာတုပစ္စည်းများအတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ထုတ်ပေးခြင်း၊
(စ) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ မြေ၊ အဆောက်အဦ၊ စိုက်ကွင်းစိုက်ခြံများအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်များ နှင့်စပ်လျဉ်း၍ စိစစ်ပြီး သဘောထားမှတ်ချက်များ တင်ပြခြင်း၊
(ဆ) စက်မှုလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေ အနေများကို စုစည်း၍ အစီရင်ခံတင်ပြခြင်း၊
(ဇ) စက်ပစ္စည်းအစိတ်အပိုင်းများ Localization ပြုလုပ်နိုင်ရေးအတွက် သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဈ) စက်မှုဆိုင်ရာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လေ့ကျင့်မွေးထုတ်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပအလှူရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ

    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကို ညွှန်ကြားရေးမှူးချုပ် ဦးဆောင်မှုဖြင့် ဒုတိယညွှန်ကြားရေးမှူးချူပ်(၂) ဦးနှင့် စက်မှုသင်တန်းကျောင်းများ အပါအဝင် အောက်ဖော်ပြပါ ဌာန (၁၀) ခုဖြင့် ဖွဲ့စည်းထားရှိပါသည် -
    (က)    စီမံရေးဌာန
    ( ခ)    စွမ်းအင်ခြိုးခြံချွေတာရေးဌာန
    ( ဂ)    စက်မှုဖွံ့ဖြိုးရေးဌာန
    (ဃ)    စာချုပ်စာတမ်းများစိစစ်ရေးဌာန
    ( င)    ထုတ်လုပ်မှုညှိနှိုင်းရေးဌာန    
    ( စ)    သင်တန်းကျောင်းများကြီးကြပ်ရေးဌာန    
    (ဆ)    နည်းပညာဖွံ့ဖြိုးရေးဌာန    
    ( ဇ)    နည်းပညာသုတေသနဌာန
    (ဈ)    ဘဏ္ဍာရေးဌာန    
    (ည)    အုပ်ချုပ်ရေးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန 

    စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်တွင် စွမ်းအင်ခြိုးခြံချွေတာရေးဌာနသည် ကဏ္ဍစုံ၌ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးလုပ်ငန်းများ (Energy Efficiency Activities) ကို ထိထိရောက်ရောက် ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၄) အရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ Energy Efficiency Focal ဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ 

 

    အမျိုးသားအဆင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့်ထိန်းသိမ်းရေးမူဝါဒ (၂၀၁၆) ရည်မှန်းချက်များမှာ ၂၀၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံ၍ ၂၀၃၀ ပြည့်နှစ်တွင် (၂၀) % လျှော့ချ သွားရန် ဖြစ်ပါသည်။ မူဝါဒ၊ ရည်မှန်းချက်များ ပြည့်မီရေးအတွက် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေး လုပ်ငန်းများ (Energy Efficiency Activities) ကို စက်မှုကဏ္ဍ၊ အဆောက်အဦကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍနှင့် စက်ပစ္စည်းကိရိယာများ စွမ်းအင်စွမ်းဆောင်ရည်သတ်မှတ်ရေးကဏ္ဍ စသည် ဖြင့် ကဏ္ဍစုံတွင် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ ဆောင်ရွက်ချက်မျာ  
    မြန်မာနိုင်ငံတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ ဥပဒေမူဘောင်တစ်ရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေမူကြမ်းကို ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲပြုစုလျက်ရှိပါသည်။
    အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများအတွက် စွမ်းအင်စွမ်းဆောင်ရည် Minimum Energy Performance Standard (MEPS) သတ်မှတ်နိုင်ရန်နှင့် စွမ်းအင် အမှတ်တံဆိပ် (Energy Label) ကပ်နှိပ်နိုင်ရန် ရည်ရွယ်၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများ မှတ်ပုံတင်ခြင်းစနစ် (Online Product Registration System) ဆောင်ရွက်နိုင်ရေးအတွက် Website အား ရေးဆွဲလျက်ရှိပြီး မကြာမီတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ 

Figure: စွမ်းအင်စွမ်းဆောင်ရည် သတ်မှတ်ချက်ဆိုင်ရာ မှတ်ပုံတင်နိုင်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ

စွမ်းအင်ခြိုးခြံချွေတာရေးဌာနဆိုင်ရာ အချက်အလက်များ    

စက်မှုသင်တန်းကျောင်းများ

    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအနေဖြင့် အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများအား အောက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-

(က) အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင်(၂)နှစ်သင်တန်းနှင့် အခြားစက်မှုသင်တန်းကျောင်း(၅)ကျောင်းတွင်(၁)နှစ်သင်တန်းများ သင်ကြားပေးခြင်း၊
(ခ) စက်မှုသင်တန်းကျောင်းများတွင် ကာလတို(၃)လသင်တန်း သင်ကြားပေးခြင်း၊
(ဂ) စက်မှုသင်တန်းကျောင်းများမှ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းများအား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ လိုက်လံဖွင့်လှစ်သင်ကြားပေးခြင်း၊
(ဃ) မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်ခြင်း၊
(င) စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် Myanmar Human Energy Co., Ltd. တို့ပူးပေါင်း၍ အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် ဂျပန်ဘာသာစကား တစ်နှစ်သင်တန်းများဖွင့်လှစ်ပေးခြင်း။

        စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍  အောက်ပါစက်မှုသင်တန်းကျောင်းများကို ဖွင့်လှစ်ကာ စက်မှုကျွမ်းကျင်သင်တန်းများ ပို့ချပေးလျက်ရှိပြီး တစ်နှစ်လျှင် သင်တန်းသား စုစုပေါင်း (၁၀၀၀)ခန့်ကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည် -

စဉ် သင်တန်းကျောင်းအမည် စတင် ဖွင့်လှစ်သည့် ခုနှစ် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံ
(က) အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) ၁၉၇၉ ဂျာမနီ
(ခ) အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)     ၂၀၀၈ တရုတ်
(ဂ) အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ) ၂၀၀၉ ကိုရီးယား
(ဃ) အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ) ၂၀၁၀ အိန္ဒိယ
(င) အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ၂၀၁၁ ကိုရီးယား
(စ) အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ) ၂၀၁၄ အိန္ဒိယ

    ဆက်လက်၍ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ်(၇)စက်မှုသင်တန်းကျောင်း(မုံရွာ)နှင့် အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ)တို့ကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆောင်ရွက်ဆဲစီမံကိန်းများ

မူလဓာတ်ခွဲခန်းတည်ဆောက်ခြင်း
    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ၌ အသုံးပြုမည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများနှင့် တင်သွင်း/တင်ပို့မည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအား သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် အရည်အသွေးကိုက်ညီမှုရှိ/မရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် မူလဓာတ်ခွဲခန်း တည်ဆောက်ခြင်းစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)အဆင့်မြှင့်တင်ရေးစီမံကိန်း
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တရုတ်ပညာရှင်များရောက်ရှိပြီး စီမံကိန်းလုပ်ငန်းများဖြစ်သော အလုပ်ရုံသစ်တည်ဆောက်ခြင်း၊ အလုပ်ရုံ(၃)ရုံ ၊ ကွန်ပျူတာခန်းနှင့် Theatre ခန်း ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များ
(၁) စက်မှုလုပ်ငန်းမူဝါဒ (၂၀၁၆ ခုနှစ်)
(၂) မြန်မာ့စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၂၀၁၇ခုနှစ်)
(၃) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ(၂၆.၈.၂၀၁၃)
(၄) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးနည်းဥပဒေများ (၁၂.၁.၂၀၁၆)
(၅) ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၁၆) - ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းခြင်း (၇.၉.၂၀၁၆)
(၆) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၆) - ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ထုတ်ပြန်ခြင်း (၃၀.၆.၂၀၁၆)
(၇) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၆) - ကန့်သတ်ဓာတုပစ္စည်းစာရင်းထုတ်ပြန်ခြင်း (၃၀.၆.၂၀၁၆)
(၈) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၁၆)- တားမြစ်ဓာတုပစ္စည်းစာရင်းထုတ်ပြန်ခြင်း (၃၀.၆.၂၀၁၆)
(၉) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားချက်အမှတ်(၄/၂၀၁၆) - နေပြည်တော် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီး ကာကွယ်ရေးကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း (၂၇.၁၂.၂၀၁၇)
 (၁၀)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားချက်အမှတ် (၅/၂၀၁၆) - တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဓာတုပစ္စည်း နှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း (၂၇.၁၂.၂၀၁၇)
 (၁၁)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားချက်အမှတ်(၁/၂၀၁၈) - ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရန် ညွှန်ကြားချက် (၃၀.၄.၂၀၁၈)
 (၁၂)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေး အဖွဲ့ ညွှန်ကြားချက်အမှတ် (၂/၂၀၁၈) - "အရက်၊ ဘီယာနှင့် ဝိုင်" ထုတ်လုပ်သည့်စက်ရုံများ လျှောက်ထားရန် ညွှန်ကြားချက် (၃၀.၄.၂၀၁၈)
 (၁၃)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားချက်အမှတ် (၃/၂၀၁၈) - အမိုးနီးယားဓာတ်ငွေ့အသုံးပြုသော ရေခဲစက်ရုံများနှင့် အအေးခန်းစက်ရုံများမှ လိုက်နာဆောင်ရွက်ရန် (၄.၉.၂၀၁၈)
 (၁၄)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၉) - ရွှေသတ္တုထုတ်လုပ်သန့်စင်ရာတွင် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါးဓာတုပစ္စည်းများ ပြည်ပမှဝယ်ယူတင်သွင်းခွင့်ဆိုင်ရာမူဝါဒ (၇.၁.၂၀၁၉)
 (၁၅)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) - ရွှေသတ္တုထုတ်လုပ်သန့်စင်ရာတွင် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါးဓာတုပစ္စည်းများ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍လိုက်နာရမည့်အချက်များ (၈.၁.၂၀၁၉)
 (၁၆)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၀) - ကန့်သတ်ဓာတုပစ္စည်းစာရင်းထုတ်ပြန်ခြင်း (၉.၁၁.၂၀၂၀)
 (၁၇)  ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၀) - တားမြစ်ဓာတုပစ္စည်းစာရင်းထုတ်ပြန်ခြင်း  (၉.၁၁.၂၀၂၀)
 (၁၈)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၁) - ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) (၉.၃.၂၀၂၁)
 (၁၉)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁) - ကန့်သတ်ဓာတုပစ္စည်းအဖြစ် ပြင်ဆင်သတ်မှတ်ခြင်း (၁၉.၁၁.၂၀၂၁)
 (၂၀)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) - ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး အကြံပေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း (၂၀.၄.၂၀၂၀)
 (၂၁)    ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)-ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးပညာရပ်ဆိုင်ရာအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်း(၂၀.၄.၂၀၂၀)
 

(၁) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များကို ဖော်ပြပါ Link တွင်ကြည့်ရှုနိုင်ပါသည်။ http://www.industry.gov.mm/miscs/13

(၂) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များကို ဖော်ပြပါ Link တွင်ကြည့်ရှုနိုင်ပါသည်။ http://www.moin.gov.mm/miscs/15

(၃) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို ဖော်ပြပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ http://www.industry.gov.mm/miscs/16

(၄) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွက် ထောက်ခံချက်ရရှိရန် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို ဖော်ပြပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ https://industry.gov.mm/miscs/17

(၅) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များကို ဖော်ပြပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ https://industry.gov.mm/miscs/18

ဆက်သွယ်ရန်လိပ်စာ
ဌာနအမည်             -    စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ဖုန်းနံပါတ်              -    ၀၆၇-၃၄၀၅၁၇၆ ၊ ၀၆၇-၃၄၀၅၃၃၄
ဖက်စ်                    -    ၀၆၇-၃၄၀၅၀၅၂
အီးမေးလ်လိပ်စာ    -    dicmoi30@gmail.com, planningdic@gmail.com
လိပ်စာ                  -    ရုံးအမှတ် (၃၀)၊ စက်မှုဝန်ကြီးဌာန၊ ဇေယျဌာနီလမ်း၊ နေပြည်တော်



Top