၁။ | နိုင်ငံပိုင်စက်မှုလုပ်ငန်းများအား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ထုတ်ကုန်များ အရည်အသွေး ကောင်းမွန်စေရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီစေရန် သုတေသန ပြုလုပ်ခြင်း၊ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်း၊ အရောင်းမြှင့်တင်ရေးအစီအစဉ်များ ပြုလုပ်ခြင်းတို့ဖြင့် အောင်မြင်မှုရရှိစေရန် ဆောင်ရွက်မည်။ |
၂။ | အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရာတွင် ခန့်အပ်ပြီး နိုင်ငံ့ဝန်ထမ်းများအား စီမံခန့်ခွဲမှုဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကနှင့် လက်ရှိ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စက်ရုံ/ အလုပ်ရုံများအား မူလစာချုပ်ပါ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်မှု ရှိ/မရှိ စိစစ်သုံးသပ်၍ စဉ်ဆက်မပြတ်ကြီးကြပ်ဆောင်ရွက်ခြင်း၊ ကျန်ရှိသည့် စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်း၊ နည်းပညာသစ်များ ထပ်တိုးခြင်းတို့ဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်။ |
၃။ | အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဈေးကွက်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို နိုင်ငံတော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီအထောက်အပံ့ရရှိနိုင်ရန်နှင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်။ |
၄။ | နိုင်ငံတော်နှင့် ပုဂ္ဂလိကအခန်းကဏ္ဍတွင် လိုအပ်လျက်ရှိသော ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သင်တန်းကျောင်းများတွင် ပုံမှန်သင်တန်းများ ဖွင့်လှစ်ခြင်း၊ စက်မှုနှင့် အသက်မွေးပညာရွေ့လျား ရက်တို သင်တန်းများနှင့် ကျွမ်းကျင်မှုအခြေပြု ကာလတို (၃) လ သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်သွားမည်။ |
၅။ | သင်တန်းကျောင်းမှ အရည်အသွေးပြည့်ဝသောကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် လေ့ကျင့်သင်ကြားပေးနေသော နည်းပြများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် နည်းပြ လေ့ကျင့်မွမ်းမံရေး သင်တန်းများသို့စေလွှတ်ခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲခြင်းနှင့် ဘာသာရပ်နှင့်ကိုက်ညီသောသင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်းများ ဆောင်ရွက်သွားမည်။ |
၆။ | အရည်အသွေးအာမခံမှုရှိစေရန်၊ သင်တန်းဆင်းများ ကျွမ်းကျင်မှု စစ်ဆေးခံနိုင်စေရန်နှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေးတို့အတွက် သင်တန်းကျောင်းများတွင် သက်ဆိုင်ရာအလုပ်အကိုင်အလိုက် မြန်မာနိုင်ငံကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ NSSA အသိအမှတ်ပြုစစ်ဆေးအကဲဖြတ်ရေးဌာန(Assessment Center) များအဖြစ် ရရှိရေးအတွက် ဆောင်ရွက်သွားမည်။ |
၇။ | စွမ်းအင်ကိုအကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ဥပဒေမူဘောင်များ ထွက်ပေါ်လာရေးနှင့် ကဏ္ဍစုံလိုအပ်သည့် အစီအမံများနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးချနိုင်ရေးအပါအဝင် ဆက်စပ်လုပ်ငန်းများအား ချမှတ် အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်မည်။ |
၈။ | ဓာတုပစ္စည်း သွင်းကုန်၊ ထုတ်ကုန်များကို နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး ထောက်ခံချက်များ အချိန်မီထုတ်ပေးနိုင်ရေး အတွက် မူလဓါတ်ခွဲခန်း တည်ဆောက်ခြင်း နှင့် ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် လူသားများ၏ ကျန်းမာရေးနှင့် ဂေဟစနစ်များအား ထိခိုက်ခြင်းမှ ကာကွယ်မည့်အစီအမံများ ချမှတ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်။ |
၉။ | ဝန်ကြီးဌာနမှ ပြဌာန်းထားရှိပြီးဖြစ်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စက်မှုကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြီးကြပ်ခြင်းနှင့် အားပေး မြှင့်တင်ခြင်းတို့ ဆောင်ရွက်မည်။ |
၁၀။ | ရပ်နားထားသော နိုင်ငံပိုင်စက်ရုံများကို ပြန်လည် လည်ပတ်နိုင်ရေးအတွက် နည်းပညာ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ ဈေးကွက်လိုအပ်ချက်နှင့် ကုန်ထုတ်သွင်းအားစုများ ရရှိနိုင်မှု အခြေအနေ၊ စီးပွားရေးတွက်ခြေကိုက်မှု အခြေအနေများပေါ်တွင် စိစစ်သုံးသပ်ခြင်းများ ဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်မည်။ |
၁၁။ | ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံပိုင်စက်ရုံများ၏ ကုန်ထုတ်လုပ်မှုနှင့် စီးပွားဖြစ်မှုအခြေအနေများကို စိစစ်သုံးသပ်လျက် လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရေး လိုအပ်ချက်များကို အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းတို့ကြား ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်မည်။ |
၁၂။ | လုပ်ငန်းရုံးချုပ်များ၊ စက်ရုံများနှင့် စက်မှုသင်တန်းကျောင်းများတွင် အရည်အချင်း ပြည့်မီသော စီမံခန့်ခွဲမှုစနစ်များ တည်ထောင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်မည်။ |
၁၃။ | စက်မှုလုပ်ငန်းများ၏ စက်ရုံများရှိ လူ့စွမ်းအားအရင်းအမြစ်များကို လိုအပ်ချိန်အမီ ဖြည့်တင်းနိုင်ရေး လူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အစီအစဉ်များ ချမှတ်ရေးဆွဲနိုင်ရေး ဆောင်ရွက်မည်။ |
၁၄။ | စီးပွားရေးလိုအပ်ချက်အရ လမ်းညွှန်မှုပြုလာသော စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည်။ (ဥပမာ - EV) |
၁၅။ | Corporate Governance နှင့်စပ်လျဉ်း၍ နားလည်မှု ပြန့်ပွားစေရန်နှင့် လက်တွေ့ အသုံးချနိုင်မှုတွင် အထောက်အကူပြုစေရန် စီစဉ်ဆောင်ရွက်မည်။ |