THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန


Thu 19-01-2023

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

သမိုင်းအကျဉ်း 

၁။    စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသည် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာနတစ်ခု ဖြစ်ပါသည်။ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး အတွက် နည်းပညာစျေးကွက်နှင့်ငွေကြေး အထောက်အပံ့ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား တည်ဆဲ ဥပဒေများနှင့်အညီ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း၊ ဘွိုင်လာနှင့် လျှပ်စစ်သုံးလုပ်ငန်းများ ဘေးကင်းစွာ ဆောင်ရွက်နိုင်ရေး၊ စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း စသည့် လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။

၂။   ဤဦးစီးဌာနသည် ဒေသန္တရ စက်မှုကြီးကြပ်ရေးနှင့်လုပ်ငန်းစစ်ဆေးမှုညွှန်ကြားရေးဦးစီးဌာနအမည်ဖြင့် ရပ်တည်ခဲ့ပြီး ၁၉၉၉ခုနှစ် မတ်လ(၂၃)ရက်နေ့မှစ၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ 

၃။    နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် SME လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့်စွမ်းရည်ကို မြှင့်တင်နိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့ တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို တည်ထောင်ခဲ့ပါသည်။

၄။  ၂၀၁၄ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပေါင်းစည်းခဲ့ပါသည်။ 

လုပ်ငန်းတာ၀န်  

၅။    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းတာ၀န်များမှာ-    

  • ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေနှင့်အညီ စက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးပြီး ၎င်းတို့၏ လိုအပ်ချက်များအား ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်စေရန် အားပေး မြှင့်တင်ပေးခြင်း၊
  • ဘွိုင်လာဥပဒေနှင့်အညီ နိုင်ငံပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများရှိ ဘွိုင်လာများအား မှတ်ပုံတင်ပေးခြင်းနှင့် စစ်ဆေးကြီးကြပ်ပေးခြင်း၊ 
  • လျှပ်စစ်ဥပဒေနှင့်အညီနိုင်ငံပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်းလုပ်ငန်းတို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးကြီးကြပ်ပေးခြင်း၊
  • SMEများ၏ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရန် ASEAN SME Working Group အပါအ၀င် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ SMEs များ လိုအပ်သော လူစွမ်းအားအရင်းအမြစ်များကို မြှင့်တင်ခြင်း၊ အသိပညာပေးခြင်း ချိတ်ဆက်ခြင်း၊ International Supply Chain ထဲဝင်ရောက်နိုင် အောင်ပံ့ပိုးခြင်း၊ ငွေကြေးထောက်ပံ့ခြင်းနှင့် နည်းပညာများ တိုးတက်စေရန်ပံ့ပိုးခြင်း။
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ

၆။    ဦးစီးဌာန(ရုံးချုပ်)သည် နေပြည်တော်၌တည်ရှိပြီးတိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး(၁၅)ရုံးနှင့် ခရိုင်ရုံး(၄၀)ရုံးဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ
စဉ် တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ ရုံးစိုက်ရာမြို့ ခရိင်ရုံးများ
(က) ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားခရိုင်ရုံး
    ဗန်းမော်မြို့ ဗန်းမော်ခရိုင်ရုံး
( ခ) ကယားပြည်နယ် လွိုင်ကော်မြို့ လွိုင်ကော်ခရိုင်ရုံး
( ဂ) ကရင်ပြည်နယ် ဘားအံမြို့     ဘားအံခရိုင်ရုံး
    မြဝတီမြို့ မြဝတီခရိုင်ရုံး
(ဃ) ချင်းပြည်နယ် ဟားခါးမြို့ ဟားခါးခရိုင်ရုံး
( င) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာခရိုင်
    ရွှေဘိုမြို့ ရွှေဘိုခရိုင်ရုံး
    ကလေးမြို့ ကလေးခရိုင်ရုံး
    စစ်ကိုင်းမြို့ စစ်ကိုင်းခရိုင်ရုံးခွဲ
( စ) တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်မြို့ ထားဝယ်ခရိုင်ရုံး
    မြိတ်မြို့ မြိတ်ခရိုင်ရုံး
(ဆ) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ပဲခူးခရိုင်ရုံး
    တောင်ငူမြို့ တောင်ငူခရိုင်ရုံး
    ပြည်မြို့ ပြည်ခရိုင်ရုံး
( ဇ) မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးခရိုင်ရုံး
    ပခုက္ကူမြို့ ပခုက္ကူခရိုင်ရုံး
    သရက်မြို့ သရက်ခရိုင်ရုံးခွဲ
(စျ)     မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေခရိုင်ရုံး
    မြင်းခြံမြို့ မြင်းခြံခရိုင်ရုံး
    မိတ္ထီလာမြို့ မိတ္ထီလာခရိုင်ရုံး
    ရမည်းသင်းမြို့ ရမည်းသင်းခရိုင်ရုံးခွဲ
    ညောင်ဦးမြို့     ညောင်ဦးခရိုင်ရုံးခွဲ
(ည) မွန်ပြည်နယ်   မော်လမြိုင်မြို့ မော်လမြိုင်ခရိုင်ရုံး
( ဋ) ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေခရိုင်ရုံး
    ကျောက်ဖြူမြို့ ကျောက်ဖြူခရိုင်ရုံး
    သံတွဲမြို့ သံတွဲခရိုင်ရုံးခွဲ
( ဌ) ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ဒဂုံမြို့သစ်ခရိုင်၊ မရမ်းကုန်းခရိုင်၊ သန်လျင်ခရိုင်၊ အင်းစိန်ခရိုင်
( ဍ) ရှမ်းပြည်နယ်     တောင်ကြီးမြို့ တောင်ကြီးခရိုင်ရုံး
    လွိုင်လင်မြို့ လွိုင်လင်ခရိုင်ရုံး
    လားရှိုးမြို့ လားရှိုးခရိုင်ရုံး
    ကျိုင်းတုံမြို့ ကျိုင်းတုံခရိုင်ရုံး
( ဎ) ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ခရိုင်ရုံး
    ဟင်္သာတမြို့ ဟင်္သာတခရိုင်ရုံး
    ဖျာပုံမြို့ ဖျာပုံခရိုင်ရုံး
(ဏ) ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်၊ ပျဉ်မနားခရိုင်
တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေရှိ ဦးစီးဌာနရုံးများ တည်နေရာပြပုံ

၇။    ညွှန်ကြားရေးမှူးချုပ်သည် ဦးစီးဌာန၏အကြီးအကဲဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(၃)ဦးမှ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းတာ၀န်များ ခွဲဝေဆောင်ရွက်ပါသည်။ ဌာနကြီးမှူးများအဖွဲ့သည် ဝန်ကြီးဌာနမှ ချမှတ်ထားသောမူဝါဒများကို တာ၀န်ခံ၍ ညှိနှိုင်း အကောင်အထည်ဖော်ကြပါသည်။ လုပ်ငန်းတာ၀န်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဦးစီးဌာန(ရုံးချုပ်)တွင် ညွှန်ကြားရေးမှူးများ တာ၀န်ခံသော အောက်ပါဌာနများကို ဖွဲ့စည်းထားပါသည်-
    (က)    စက်မှုဖွံ့ဖြိုးတိုးတက်ရေးဌာန
    ( ခ)    စက်မှုကြီးကြပ်ရေးဌာန
    ( ဂ)    စက်မှုလုပ်ငန်းစစ်ဆေးရေးဌာန
    (ဃ)    ဘွိုင်လာစစ်ဆေးရေးဌာန
    ( င)    လျှပ်စစ်စစ်ဆေးရေးဌာန
    ( စ)    ဘဏ္ဍာရေးဌာန
    (ဆ)    အုပ်ချုပ်မှုဌာန
    ( ဇ)    မူဝါဒနှင့် ပြည်ပရေးရာဌာန
    (စျ)    နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာန
    (ည)   ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းညှိနှိုင်းရေးဌာန

ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ

၈။    ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေကို ၁၉၉၀ပြည့်နှစ်  နို၀င်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် ၂၂/၉၀ဖြင့် ပြဌာန်းခဲ့ပါသည်။
၉။  မြင်းကောင်ရေသုံးကောင်အားနှင့် အထက်ရှိသော အားတစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လုပ်ခစားအလုပ်သမား တစ်ဆယ်ဦးနှင့် အထက်ဖြင့်ဖြစ်စေ ပုဂ္ဂလိကစက်မှုလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်နေသူသည် ဤဥပဒေအရ မှတ်ပုံတင်ရမည်။ ပုဂ္ဂလိကစက်မှုလုပ်ငန်းဆိုသည်မှာ ပုဂ္ဂလိက တစ်ဦးချင်းဖြစ်စေ၊ အစုစပ်ဖြစ်စေ၊ ကုမ္ပဏီတည်ထောင်၍ဖြစ်စေ စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကိုဆို၍ အစိုးရနှင့်ဖက်စပ်လုပ်ကိုင်သည့် စက်မှုလုပ်ငန်းများ ပါဝင်ခြင်းမရှိပါ။
၁၀။ ပုဂ္ဂလိကစက်မှုလုပ်ငန်း လုပ်ကိုင်လိုသူသည် တိုင်းဒေသကြီး/ပြည်နယ်/ ပြည်ထောင်စုနယ်မြေ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် သက်ဆိုင်ရာပုံစံများ ဖြည့်သွင်းရေးသား၍ မှတ်ပုံတင်လျှောက်ထားနိုင်ပါသည်။
၁၁။  မှတ်ပုံတင်သက်တမ်းကို (၁)နှစ် သတ်မှတ်ထားပါသည်။ သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၆၀)အတွင်း သက်တမ်းတိုးကြေးပေးသွင်းပါက သက်တမ်းတိုးကြေးအပြင် သတ်မှတ် ဒဏ်ကြေးပေးသွင်းရမည်ဖြစ်ပါသည်။ လုပ်ငန်းရှင်သည် သတ်မှတ်ထားသော ရက်ပေါင်း(၆၀)အတွင်း မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေးပါရန် လျှောက်ထားခြင်းမရှိပါက မှတ်ပုံတင်ပျက်ပြယ်မည် ဖြစ်ပါသည်။ 

ဘွိုင်လာဥပဒေ

၁၂။    ၁၉၈၄ ခုနှစ် ဘွိုင်လာဥပဒေကို အခြေခံ၍ ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ဆင် ဖြည့်စွက်ရေးဆွဲခဲ့ရာ  ၂၀၁၅ ခုနှစ်၊  ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၉ အဖြစ် ၁၄.၇.၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဘွိုင်လာဥပဒေအား အတည်ပြုပြဌာန်း ခဲ့ပါသည်။ ဘွိုင်လာစစ်ဆေးရခြင်း၏ ရည်ရွယ်ချက်များမှာ ဘွိုင်လာမတော်တဆ ချို့ယွင်းမှု များနှင့် ပေါက်ကွဲမှုများကြောင့် အသက်နှင့်ပစ္စည်းများဆုံးရှုံးမှုမှ ကာကွယ်ရန်နှင့် ဘွိုင်လာများ သက်တမ်းကြာရှည်စွာနှင့် စွမ်းရည်ပြည့် အသုံးပြုနိုင်ရေးတို့အတွက် စနစ်တကျ ထိန်းသိမ်း ကြပ်မတ်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းအမျိုးမျိုးတို့တွင် ဘွိုင်လာ အလုံးရေ(၂၃၀၀)ကျော် အသုံးပြုလျက်ရှိပါသည်။ 
၁၃။    ဘွိုင်လာစစ်ဆေးရေးဌာန၏ လုပ်ငန်းတာ၀န်များမှာ မှတ်ပုံမတင်ရသေးသော ဘွိုင်လာများကို မှတ်ပုံတင်ရန် စစ်ဆေးခြင်း၊ အဆိုပါ မှတ်ပုံတင်ပြီး ဘွိုင်လာများကို ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်စစ်ဆေး ပေးခြင်း၊ ဘွိုင်လာတွင် ချို့ယွင်းချက်များ၊ အားနည်းချက်များ တွေ့ရှိပါက ပြုပြင်စေပြီး ပြန်လည်စစ်ဆေးပေးခြင်းနှင့် ဘွိုင်လာအသုံးပြုနေစဉ် မတော်တဆဖြစ်ပေါ်ခြင်း၊ ယိုယွင်းမှု ဖြစ်ပေါ်ခြင်း၊ အရေးပေါ် စစ်ဆေးပေးခြင်း နှင့် ဘွိုင်လာတည်ဆောက်မှုအဆင့်တို့ဖြစ်ပါသည်။
၁၄။    ဘွိုင်လာစစ်ဆေးရေးဌာနသည် နည်းပညာဆိုင်ရာ ဗဟုသုတနည်းပါးခြင်းကြောင့် ဘွိုင်လာမတော်တဆချို့ယွင်းခြင်း၊ ပေါက်ကွဲခြင်းတို့ကြောင့် အသက်နှင့်ပစ္စည်းများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ဘွိုင်လာကိုင်တွယ်သူများသင်တန်းနှင့် ဘွိုင်လာကျွမ်းကျင်မှု အထူးသင်တန်း တို့ကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

လျှပ်စစ်ဥပဒေ

၁၅။    ၁၉၃၇ခုနှစ် လျှပ်စစ်နည်းဥပဒေကို ရုတ်သိမ်း၍ လျှပ်စစ်ဥပဒေကို ၁၉၈၄ ခုနှစ်တွင် ပြဌာန်းခဲ့ပါသည်။ လျှပ်စစ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၁၉၉၀ ပြည့်နှစ် မတ်လ ၇ ရက်နေ့ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၃/၉၀ အဖြစ် ပြဌာန်းခဲ့ ပါသည်။ လျှပ်စစ်ဥပဒေ(၁၉၉၀)အား ၂၇.၁၀.၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၄၀/၂၀၁၄)ဖြင့် အစားထိုးပြင်ဆင်ခဲ့ပါသည်။
၁၆။    လျှပ်စစ်ဥပဒေ၏ ရည်ရွယ်ချက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း နှင့် အသုံးပြုခြင်း လုပ်ငန်းတို့တွင် လူ၊ တိရစ္ဆာန်တို့ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ကြီးကြပ်စစ်ဆေးခြင်း ဖြစ်ပါသည်။
၁၇။    လျှပ်စစ်စစ်ဆေးရေးဌာနသည် ၁၉၈၄ ခုနှစ် လျှပ်စစ်ဥပဒေ၊ ၁၉၈၅ ခုနှစ် လျှပ်စစ် နည်းဥပဒေတို့နှင့်အညီ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးစစ်ဆေးခြင်း၊ လျှပ်စစ်ကျွမ်းကျင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ ဓာတ်ခွဲခန်းတွင် လျှပ်စစ်ပစ္စည်း ကိရိယာများ စစ်ဆေး ဆောင်ရွက်ခြင်းနှင့် ဓာတ်လိုက်မှုများ စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
၁၈။    လျှပ်စစ်စစ်ဆေးရေးဌာနသည် နိုင်ငံတော်ကာကွယ်ရေးနှင့် အထူးကိစ္စရပ်များမှအပ ဗို့အားနိမ့်၊ ဗို့အားမြင့် လျှပ်စစ်ဓါတ်အားသုံးစွဲခြင်း၊ နိုင်ငံပိုင် အဆောက်အဦ၊ ပြည်သူပိုင် အဆောက်အဦနှင့် စက်ရုံ၊ အလုပ်ရုံများ၊ ဓါတ်လှေကား၊ စက်လှေကားနှင့် လျှပ်စစ်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ၊ ပြည်တွင်း၊ ပြည်ပမှထုတ်လုပ်သော လျှပ်စစ်ပစ္စည်းကိရိယာများအား လျှပ်စစ်ပိုင်းဆိုင်ရာများ စနစ်တကျရှိစေရန်နှင့် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရန် ကြီးကြပ် စစ်ဆေး၍ လျှပ်စစ် အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် ထုတ်ပေးလျက်ရှိပါသည်။
၁၉။    လျှပ်စစ်စစ်ဆေးရေးဌာနသည် လျှပ်စစ်ပိုင်းဆိုင်ရာ ပညာရှင်များကဲ့သို့ လျှပ်စစ် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ

၂၀။    အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၃/၂၀၁၅)ဖြင့် ၂၀၁၅ ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့ပါသည်။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
    (က)     အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် စီးပွားရေးနှင့် ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာအထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာ ရရှိနိုင်စေရန်၊
    ( ခ)    အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းပြည်ပ စျေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်မြင့်မား တိုးတက် စေရန်၊
    ( ဂ)    အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း အားဖြင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းသစ်များနှင့်အတူ ဝင်ငွေ တိုးတက်ရရှိလာစေရန်၊
    (ဃ)    အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်း ဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတားများ လျော့ပါးစေရန်။
၂၁။    ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြေငြာချက်အမှတ်(၁၉/၂၀၁၆)ဖြင့် စက်မှုဝန်ကြီးဌာန အား တာဝန်ခံဝန်ကြီးဌာနအဖြစ် (၁၉.၁.၂၀၁၆)ရက်နေ့တွင် သတ်မှတ်ခဲ့သည်။

စက်မှုဇုန်ဥပဒေ

၂၂။    စက်မှုဇုန်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၇/၂၀၂၀)ဖြင့် ၂၀၂၀ ပြည့် နှစ် မေလ (၂၆) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်/ပြည်ထောင်စုနယ်မြေ တို့ရှိ စက်မှုဇုန်များ
စဉ် တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုဇုန်များ စက်မှုဇုန်/ စက်မှုရပ်ကွက်
ကချင်ပြည်နယ်
ကယားပြည်နယ်
ကရင်ပြည်နယ်
ချင်းပြည်နယ် -
စစ်ကိုင်းတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
၁၀ မွန်ပြည်နယ်
၁၁ ရခိုင်ပြည်နယ် -
၁၂ ရန်ကုန်တိုင်းဒေသကြီး
၁၃ ရှမ်းပြည်နယ်
၁၄ ဧရာဝတီတိုင်းဒေသကြီး
၁၅ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်
  စုစုပေါင်း ၃၃
တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေများရှိ စက်မှုဇုန်များ တည်နေရာပြမြေပုံ

ဆက်သွယ်ရန် 

    ညွှန်ကြားရေးမှူးချုပ်၊ 
    စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန
    ရုံးအမှတ် (၃၇)၊ ဇေယျဌာနီလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ 
    Tel: +95 067 408378

တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများနှင့် ခရိုင်ရုံးများ၏ လိပ်စာများ
စဉ် ရုံးအမည် တည်နေရာ တယ်လီဖုန်းနံပါတ်
ကချင်ပြည်နယ်
  (က) ကချင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဧရာရပ်ကွက်၊မြစ်ကြီးနားမြို့။ ၀၇၄-၂၅၂၂၄၁၅ ၊ ၀၇၄-၂၅၂၉၃၈၆
  ( ခ) မြစ်ကြီးနားခရိုင်  ၁၃၉/ဃ-၁၈၊ မြို့မ(၈)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြစ်ကြီးနားမြို့။ ၀၇၄-၂၅၂၈၀၇၂
  ( ဂ) ဗန်းမော်ခရိုင် အမှတ် (၂၇)၊ ဆင်ဖြူရှင်လမ်း၊ မင်းကုန်းရပ်ကွက်၊ ဗန်းမော်မြို့။ ၀၇၄-၂၅၅၀၉၅၅
ကယားပြည်နယ်
  (က) ကယားပြည်နယ်စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန အမှတ်(၉)၊ ၁၁ လမ်း နှင့် ခွန်လီလမ်းဒေါင့်၊ နောင်ယား(က)ရပ်ကွက်၊ လွိုင်ကော်မြို့။ ၀၈၃-၂၂၂၁၀၉၁ ၊၀၈၃-၂၂၂၁၀၂၅
၀၈၃-၂၂၂၄၀၀၈၁၊၀၈၃-၂၂၂၄၀၀၈၂
၀၈၃-၂၂၂၁၀၀၆
  ( ခ) လွိုင်ကော်ခရိုင်  အမှတ်(၅၃)၊ ဦးသီရိလမ်း၊ ဒေါ်ဥခူရပ်ကွက်၊ ကျောက်ပြား စက်ရုံဝင်း၊ လွိုင်ကော်မြို့။ ၀၈၃-၂၂၂၄၀၀၁၂ ၊ ၀၈၃-၂၂၂၄၀၀၁၃
ကရင်ပြည်နယ်
  (က) ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အမှတ်(၄၀)၊ ဇွဲကပင်လမ်း၊ အမှတ်(၄) ရပ်ကွက်၊ ဘားအံမြို့။ ၀၅၈-၂၁၁၄၀ ၊ ၀၅၈-၂၃၄၃၉
  ( ခ) ဘားအံခရိုင် မြေကွက်အမှတ် (N/၉)၊ သီတာလမ်း၊ အမှတ်(၂)ရပ်ကွက်၊ ဘားအံမြို့။ ၀၅၈-၂၃၄၂၆ ၊ ၀၅၈-၂၂၆၉၇
  ( ဂ) မြဝတီခရိုင်  အမှတ်(၅၃-c)၊ အမှတ်(၄)ရပ်ကွက်၊ ဓိဌာန်အောင်ဘုရားလမ်း၊မြဝတီမြို့။ ၀၅၈-၅၁၃၉၀
ချင်းပြည်နယ်
  (က)  ချင်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အမှတ်(၉၁) ၊ မီးသတ်ရုံးလမ်း၊ ဈေးသစ်ရပ်ကွက်၊ ဟားခါးမြို့။ ၀၇၀-၂၂၅၅၉ ၊ ၀၇၀-၂၁၀၇၄
  ( ခ) ဟားခါးခရိုင်    အိုးအိမ်လမ်း၊ ဈေးသစ်ရပ်ကွက်၊ ဟားခါးမြို့။ ၀၇၀-၂၂၅၆၆
စစ်ကိုင်းတိုင်းဒေသကြီ
  (က) စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အမှတ် (၆၆၇)၊ ကျန်စစ်သားနှင့်အနော်ရထာလမ်းကြား၊ ရတနာလမ်း သွယ်၊ နန္ဒာဝန်ရပ်ကွက် ၊ မုံရွာမြို့။ ၀၇၁-၂၀၂၃၂၀၄ ၊ ၀၇၁-၂၀၂၆၅၀၆
  ( ခ)  ရွှေဘိုခရိုင်          အမှတ်(၅)ရပ်၊ စားသုံးသူရေးရာရုံးဝန်းအတွင်း၊ ရွှေဘိုမြို့။ ၀၇၅-၂၂၇၅၈
  ( ဂ) မုံရွာခရိုင်          ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြသလ္လာဈေး၊ ဒုတိယထပ်၊ မုံရွာမြို့။ ၀၇၁-၂၆၂၄၆
  (ဃ) ကလေးခရိုင် လေယာဉ်ကွင်းတိုးချဲ့ကွက်သစ်၊ ကျန်စစ်သားလမ်း၊ တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။   ၀၇၃-၂၂၈၂၀
  (င)  စစ်ကိုင်းခရိုင် ဗိုလ်ချုပ်ပန်းခြံလမ်း၊ ပန်းဘဲတန်းရပ် ၊ စစ်ကိုင်းမြို့ ၀၇၂-၂၂၂၀၃
တနင်္သာရီတိုင်းဒေသကြီး
  (က)  တနင်္သာရီတိုင်းဒေသကြီး စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဝဲကျွန်းညောင်ရမ်းရပ်၊ ကုဿိန္နာရုံကျောင်းလမ်း၊ ထားဝယ်မြို့။ ၀၅၉-၂၀၂၄၀၁၉ ၊ ၀၅၉-၂၀၂၁၁၄၆
၀၉-၄၉၈၇၃၅၇၄
  ( ခ) ထားဝယ်ခရိုင်      ဝဲကျွန်းညောင်ရမ်းရပ်၊ ကုဿိန္နာရုံကျောင်းလမ်း၊ ထားဝယ်မြို့။    ၀၅၉-၂၀၂၁၈၆၈
  ( ဂ) မြိတ်ခရိုင်      MRE ရေခဲစက်ဝင်းအတွင်း၊ ပိတောက်ပင်လမ်းဆုံ၊ ကန်ဖျား ရပ်ကွက်၊ မြိတ်မြို့။     ၀၅၉-၂၀၄၂၁၁၆
ပဲခူးတိုင်းဒေသကြီး
  (က) ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ် ရေး နှင့် စစ်ဆေးရေးဦးစီးဌာန     အမှတ်(၉)၊ သမိန်ဗရမ်းလမ်း၊ (၁၈)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။     ၀၅၂-၂၂၃၀၃၂၅ ၊ ၀၅၂-၂၂၃၀၈၅၂
၀၅၂-၂၂၃၀၂၄၈ ၊ ၀၅၂-၂၂၃၀၂၂၈
၀၅၂-၂၂၃၀၀၀၉
  ( ခ) ပဲခူးခရိုင် စက်ရုံလမ်း၊ ရပ်ကွက်ကြီး(၉)၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။     ၀၅၂-၂၂၃၀၉၈၇
  ( ဂ) ပြည်ခရိုင်        ပန်းတိမ်တန်းလမ်းနှင့်လက်သမားလမ်းထောင့်၊ ကျောင်းကြီးအိုးတန်း ရပ်ကွက်၊ ပြည်မြို့။  ၀၅၃-၂၄၃၀၇
  (ဃ) တောင်ငူခရိုင်     
    
ရန်ကုန်-မန္တလေးလမ်း၊ (၉)ရပ်ကွက်၊ ထီးလှိုင်ရပ်၊ တောင်ငူမြို့။ ၀၅၄-၂၆၁၇၆
မကွေးတိုင်းဒေသကြီး
  (က) မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ် ရေး နှင့်စစ်ဆေးရေးဦးစီးဌာန ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ၊ ရွာသစ်ပွဲကြို ရပ်ကွက်၊ ဝင်းသူဇာ အပေါ်ထပ်၊ မကွေးမြို့။    
 
၀၆၃-၂၀၂၇၄၃၃ ၊ ၀၆၃-၂၀၂၃၃၉၅
၀၆၃-၂၀၂၅၁၄၃ ၊ ၀၆၃-၂၀၂၈၆၄၃
၀၆၃-၂၀၂၈၆၄၂
  (ခ) မကွေးခရိုင်      အမှတ်(၉) စီ ၊ တာပတ်ကွင်းလမ်း၊ ရုံးပေါင်းစုံဝင်း၊ မကွေးမြို့။     ၀၆၃-၂၀၂၇၄၂၂
  ( ဂ)  ပခုက္ကူခရိုင်      အမှတ်(၁)၊ ဗုဒ္ဓကုန်းရပ်၊ ပခုက္ကူ-ရေစကြိုကားလမ်းမဘေး၊ ပခုက္ကူမြို့။     ၀၆၂-၂၀၂၃၉၉၀
  (ဃ) သရက်ခရိုင်    အမှတ်(၄)၊ တရော်ကုန်းရပ်ကွက်၊ ပြည်-တောင်တွင်းကားလမ်းမဘေး၊ အောင်လံမြို့။     ၀၆၉-၂၀၀၀၅၂
မန္တလေးတိုင်းဒေသကြီး
  (က)  မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အမှတ်(၂၉)၊ ကွင်းအမှတ်(၉၀၂)၊ သီတာအေးရပ်၊ ရန်ကုန်-မန္တလေးလမ်း၊ ချမ်းမြေ့သာစည်တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။     ၀၂-၄၀၃၉၁၃၃ ၊ ၀၂-၄၀၆၃၁၁၉
၀၂-၄၀၃၉၅၇၃ ၊ ၀၂-၄၀၆၀၈၂၁
  (ခ)  မဟာအောင်မြေခရိုင်  အကွက်အမှတ် (၂၈၁) ၊ ၄၁ လမ်း ၊ ၈၆x၈၇ လမ်းကြား၊ မဟာအောင်မြေ မြို့နယ်၊ မန္တလေးမြို့။ ၀၂-၄၀၆၈၂၁၀ ၊ ၀၂-၄၀၂၁၀၉၇
  (ဂ) မိတ္ထီလာခရိုင်  အရှေ့ပြင်ရပ်ကွက်၊ ဒုတိယလမ်းမတော်လမ်း၊ ယခင်ဝင်းသူဇာ အရောင်း ဆိုင် အပေါ်ထပ်၊ မိတ္ထီလာမြို့။ ၀၆၄-၂၆၄၇၄
  (ဃ)  မြင်းခြံခရိုင် အကွက်အမှတ်(၂၂၅)၊  စက်မှုဇုန်၊ ၁၉ ရပ်ကွက်၊ မြင်းခြံမြို့။     ၀၆၆-၃၀၄၉၃
  (င) ရမည်းသင်းခရိုင် ရန်ကုန်-မန္တလေးကားလမ်းနှင့် မေတ္တာလမ်းထောင့်၊ အ.ထ.က(၁) မျက်နှာချင်း ဆိုင်၊ ရမည်းသင်းမြို့။ ၀၆၄-၄၀၄၂၉
  (စ) ညောင်ဦးခရိုင် ကုန်းတန်းကြီးကျေးရွာ၊ တောင်ရှည်ကွင်း၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းမကြီး မိုင်တိုင်အမှတ် (၂၄/၆) ၀၆၁-၂၄၆၁၃၃၂
၁၀ မွန်ပြည်နယ်
  (က) မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန အမှတ်(၅၀) အထက်လမ်းမကြီး၊ စစ်တဲကုန်းရပ်၊ မော်လမြိုင်မြို့။ ၀၅၇-၂၀၂၇၀၄၁
၀၅၇-၂၀၂၁၂၀၂ ၊ ၀၅၇-၂၀၂၂၁၆၆
  ( ခ) မော်လမြိုင်ခရိုင်  မင်းရွာရော်ဘာခြံ၊ စိုက်ကွက်အမှတ်(၁)၊ မော်လမြိုင်-ကျိုက်မရော ကား လမ်းမဘေး၊ မော်လမြိုင်မြို့။ ၀၉၇၉၁၅၅၃၉၀၀
၁၁ ရခိုင်ပြည်နယ် 
  (က) ရခိုင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန     တက္ကသိုလ်ရိပ်သာလမ်း၊ တက္ကသိုလ်ဆရာများ 
လေးထပ်ဆောင် ရုံးရှေ့၊ စစ်တွေမြို့။    
၀၄၃-၂၃၇၉၃
၀၄၃-၂၃၇၄၂
  ( ခ) စစ်တွေခရိုင် အကွက်အမှတ် (၄၅၈/၄၅၉)၊ ဆက်ရိုးကျ စက်မှုရပ်ကွက် ၊ စစ်တွေမြို့။  
  ( ဂ) ကျောက်ဖြူခရိုင် စေတီတောင်ရပ်ကွက်၊ ဘုရားကြီးကွင်း၊ ကျောက်ဖြူမြို့။ ၀၄၃-၄၆၆၉၀
  (ဃ) သံတွဲခရိုင် သံတွဲ-တောင်ကုတ်ကားလမ်းဘေး၊ ကျော်ဇံဆီဆိုင်အနီး၊ သာယာဝတီမြို့သစ်၊ သံတွဲမြို့။ ၀၄၃-၆၅၆၂၁
၁၂ ရန်ကုန်တိုင်းဒေသကြီး
  (က) ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန     အမှတ် (၁၉၂) ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။     ၀၁-၅၅၇၄၁၆ ၊ ၀၁-၅၅၅၁၀၀
၀၁-၅၅၁၉၇၃ ၊ ၀၁-၅၅၄၄၆၆
  ( ခ)  ဒဂုံမြို့သစ်ခရိုင်  အမှတ် (၁၉၂) ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၅၅၁၀၁၄
  ( ဂ)  မရမ်းကုန်းခရိုင် အမှတ် ၃၂/၃၄ (၁၈) လမ်း၊ ၁ ရပ်ကွက်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၂၁၇၀၀၈
  ( ဃ) သန်လျင်ခရိုင် အမှတ် ၃၂/၃၄ (၁၈) လမ်း၊ ၁ ရပ်ကွက်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၂၁၆၆၇၈
  ( င) အင်းစိန်ခရိုင် အမှတ် (၁၉၂) ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၅၅၁၇၈၉
၁၃ ရှမ်းပြည်နယ်
  (က) ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အမှတ်(၂၀/၂၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်၊ တောင်ကြီးမြို့။     ၀၈၁-၂၁၂၅၄၉၁ ၊ ၀၈၁-၂၁၂၅၄၉၀
၀၈၁-၂၁၂၂၄၄၄
  ( ခ) တောင်ကြီးခရိုင် သစ်ပင်ထောင်လမ်း၊ရပ်ကွက်(၃)၊ အေးသာယာ(ထုံးဖို)  ၀၈၁-၂၀၈၅၅၇
  ( ဂ) လားရှိုးခရိုင်  အကွက်အမှတ်(၆၄)၊ နားမခေါ်ရပ်၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ လားရှိုးမြို့။ ၀၈၂-၂၃၈၂၈ ၊ ၀၈၂-၂၃၆၉၂
  (ဃ) ကျိုင်းတုံခရိုင်  ကျိုင်းငမ်း(၄)လမ်း၊ (၂) ရပ်ကွက်၊ ကျိုင်းတုံမြို့။ ၀၈၄-၂၃၂၁၅ ၊ ၀၈၄-၂၃၂၂၀
  ( င) လွိုင်လင်ခရိုင် လွိုင်လင်-ပင်လုံကားလမ်းမဘေး၊ မိုင်တိုင်အမှတ် (၂ မိုင် ၄ ဖာလုံ)၊ လွိုင်လင်မြို့။ ၀၈၁-၃၁၀၁၅၇
၁၄ ဧရာဝတီတိုင်းဒေသကြီး
  (က) ဧရာဝတီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အမှတ်(၁၅)ရပ်ကွက်၊ ပုသိမ်-ရန်ကုန် ကားလမ်း၊ ပုသိမ် လေဆိပ်ရှေ့၊ ခလရ(၂၇၁)အနီး၊ ပုသိမ်မြို့။ ၀၄၂-၂၉၀၉၁ ၊ ၀၄၂-၂၉၀၉၀
၀၄၂-၂၉၀၂၁
   ( ခ) ပုသိမ်ခရိုင် အမှတ်(၅၂)၊ မဉ္ဇူလမ်း၊ ရကအ(၁၃)၊ ပုသိမ်မြို့။ ၀၄၂-၂၉၂၁၅
  ( ဂ) ဟင်္သာတခရိုင် အမှတ် (၄၃၊၄၄) ၊ သီရိအောင်မြေ (၆) လမ်း၊ လယ်တီကွင်း ရပ်ကွက်၊ ဟင်္သာတမြို့။ ၀၄၄-၂၂၇၅၇
  (ဃ) ဖျာပုံခရိုင် အမှတ် (၄၅၂)(ခ)၊ ချောင်းကွင်းကျေးရွာ၊ ဖျာပုံမြို့။ ၀၄၅-၄၀၄၉၇
၁၅ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)
  (က) ပြည်ထောင်စုနယ်မြေ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန     အမှတ် (၁၁) ၊ သပြေလမ်း ၊ ရွာသစ် ကျေးရွာအုပ်စု၊ ပုပ္ပသီရိ မြို့နယ်၊ နေပြည်တော်။ ၀၆၇-၅၅၀၁၇၈ ၊ ၀၆၇-၅၅၀၁၇၉
၀၆၇-၅၅၀၃၆၂
   ( ခ) ဥတ္တရခရိုင် မြေကွက်အမှတ် (ပခ-၀၀၈)၊ ၁၂/ချင်းတွင်းအနောက်ရပ်၊ မင်္ဂလာဒီပ ရပ်ကွက်၊ ပုပ္ပသီရိမြို့နယ်၊ ဥတ္တရခရိုင်၊ နေပြည်တော်။ ၀၆၇-၅၁၀၁၇၄
၀၆၇-၅၁၀၁၇၅
  ( ဂ)  ပျဉ်းမနားခရိုင်      မြေကွက်အမှတ် (ပခ-၅၇)၊ နေပြည်တော်ကောင်စီလမ်း၊ အောင်သုခ  ကျေးရွာ၊ ပုပ္ပသီရိမြို့နယ်၊ ဥတ္တရခရိုင်၊ နေပြည်တော်။ ၀၆၇-၅၅၀၃၄၂
၀၆၇-၅၅၀၃၄၃

 



Top