THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း


Fri 30-06-2023

-

နောက်ခံသမိုင်းအကျဉ်း
    ၂၀၁၁ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း နှင့် မြန်မာ့တာယာနှင့်ရော်ဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတို့ကို ပူးပေါင်း၍ အမှတ်(၂)အထွေထွေအကြီးစားစက်မှုလုပ်ငန်းဟု ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းဟု ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဧပြီလတွင် ယခင် အမှတ်( ၂ )အကြီးစား စက်မှုလုပ်ငန်းနှင့် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းတို့ကို ပူးပေါင်း၍ အမှတ်(၂)အကြီးစားစက်မှု လုပ်ငန်းဟု ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
               
    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းသည် လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသော သယ်ယူပို့ဆောင်ရေးယာဉ်များ၊ လူစီးမော်တော်ယာဉ်များနှင့် စက်မှုလယ်ယာသုံးယာဉ်များအတွက် လိုအပ်လျက်ရှိသော မော်တော်ယာဉ်တာယာများ၊ စက်မှုကုန်ကြမ်းဖြစ်သည့် သဘာဝရော်ဘာများ၊ နိုင်ငံတော် လိုအပ်ချက်အရ စက်နှင့်စက်ကိရိယာပစ္စည်းများ ၊ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ ၊ ရေအား လျှပ်စစ်တာဘိုင်များ၊ဂျင်နရေတာများ၊ ဘွိုင်လာများ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပစ္စည်းများ၊ LED မီးသီးများ၊ ဘိလပ်မြေ၊ မီးခံအုတ်၊ ကြွေထည်ပစ္စည်းအမျိုးမျိုး၊ ဗို့အားမြှင့်ကြွေသီးအမျိုးမျိုးနှင့် မှန်များ ထုတ်လုပ်ပေးနေသော လုပ်ငန်း ဖြစ်ပါသည်။


    အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် အောက်ပါစက်ရုံနှင့် လုပ်ငန်းဌာနများ ပါဝင်သည်-

စက်ရုံ/လုပ်ငန်းဌာနများ
၁။            အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)
၂။            အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)    
၃။            အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)၊ ရာဘာပစ္စည်းစက်ရုံခွဲ(သင်္ဃန်းကျွန်း)    
၄။            အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ) ၊ ဆိုလာအလုပ်ရုံ     
၅။            အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)၊  LED မီးသီးအလုပ်ရုံ 
၆။            အောက်ဆီဂျင်ဓာတ်ငွေ့နှင့်အက်ဆီတလင်းဓာတ်ငွေ့အလုပ်ရုံ(တောင်ဒဂုံ)  
၇။            အမှတ်(၃၁)အကြီးစားစက်ရုံ(သရက်)   
၈။            အမှတ်(၃၂)အကြီးစားစက်ရုံ(ကြံခင်း)    
၉။            အမှတ်(၃၂)အကြီးစားစက်ရုံ ၊ မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန(မှော်ဘီ)    
၁၀။            အမှတ်(၃၃)အကြီးစားစက်ရုံ(ကျောက်ဆည်) ၊ အဆင့်မြင့်မီးခံအုတ်ထုတ်လုပ်ရေးဌာန(ကျောက်ဆည်)  
၁၁။           အမှတ်(၃၅)အကြီးစားစက်ရုံ(ချောက်)   
၁၂။           မှန်ထုတ်လုပ်ရေးဌာန(ပုသိမ်)
၁၃။           ပလတ်စတစ်စက်ရုံ(ကျောက်ဆည်) 
                 အမှတ်(၃၄)အကြီးစားစက်ရုံ(သာယာဝတီ)၊ ပန်းကန်နှင့်ရေအိမ်သုံးပစ္စည်း ထုတ်လုပ်မှုလိုင်း  

PPP ဆောင်ရွက်လျက်ရှိသည့် စက်ရုံ/အလုပ်ရုံများ
    ၁။        အမှတ်(၂၂)အကြီးစားစက်ရုံ(ဘီးလင်း) 
    ၂။        အီလက်ထရောနစ်ပစ္စည်းနှင့်လျှပ်စစ်မော်တာစက်ရုံ(လှိုင်)
    ၃။        ဓာတ်ခဲအလုပ်ရုံ(တောင်ဒဂုံ)
    ၄။        အမှတ်(၃၃)အကြီးစားစက်ရုံ(ကျောက်ဆည်)
    ၅။        အမှတ်(၃၄)အကြီးစားစက်ရုံ(သာယာဝတီ)၊ ကြွေပြားထုတ်လုပ်မှုလိုင်း
    ၆။        အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)
    ၇။        ခရမ့်ရာဘာစက်ရုံ (သံဖြူဇရပ်)
    ၈။        ကျောက်ပြားထုတ်လုပ်ရေးဌာန(စကျင်)
    ၉။        မီးခံအုတ်ထုတ်လုပ်ရေးဌာန(တညင်းကုန်း)
    ၁၀။        အုတ်ထုတ်လုပ်ရေးဌာန(တညင်းကုန်း)
    ၁၁။        ကြွေထည်ပစ္စည်းထုတ်လုပ်ရေးဌာန(မော်လမြိုင်)
    ၁၂။        ရာဘာပစ္စည်းစက်ရုံခွဲ(ရွှေဟင်္သာလမ်း)



Top