THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ)

Wed 28-08-2024

-

အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ)

တည်နေရာ - သာဂရစက်မှုနယ်၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
အကျယ်အဝန်း - ၇၆.၂၀ ဧကခန့်
သင်တန်းစတင်ဖွင့်လှစ်သည်နေ့ - ၁၀.၈.၂၀၀၉

 သမိုင်းနောက်ခံအကျဉ်း

    အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ထောင်ခဲ့ပါသည်။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA Korea International Cooperation Agency) တို့ ပူးပေါင်း၍ သာဂရ စက်မှုဇုန်တွင် စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ 
    သင်တန်းကျောင်း၏ အုတ်မြစ်စီမင်္ဂလာ အခမ်းအနားကို (၁၇.၆.၂၀၀၈) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီး လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို (၂၅.၂.၂၀၀၉) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ KOCIA ၏ ဒုတိယအကြိမ်ထောက်ပံ့မှုဖြင့် သတ္တုရည်ကျိုအလုပ်ရုံကို (၁၇.၈.၂၀၁၁) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို (၇.၁၂.၂၀၁၂) ရက်နေ့တွင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
      အမှတ် (၃)စက်မှုသင်တန်းကျောင်း(သာဂရ) သည် ဧရိယာအကျယ်အဝန်း ၇.၃ ဧကပေါ်တွင် တည်ဆောက်ထားပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၁၇၃) မိုင်၊ (၁) ဖာလုံ၏ အရှေ့ဘက်၊ သာဂရ – ကိုးပင် မော်တော်ကားလမ်း (၃) မိုင် (၄) ဖာလုံ အကွာအဝေးရှိ လမ်း၏တောင်ဖက်၊ သာဂရစက်မှုနယ်မြေ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းတွင် တည်ရှိပါသည်။ စုစုပေါင်း ဧရိယာ (၇၆.၂၀) ဧကခန့် ရှိပါသည်။

ဝင်ခွင့် သတ်မှတ်အရည်အချင်းများ

    သင်တန်းဝင်ခွင့်များအတွက် ယေဘူယျ သတ်မှတ်ချက်များမှာ
    (က) တက္ကသိုလ်ဝင်တန်း စာမေးပွဲ (သို့မဟုတ်) Grade 12 ဖြေဆိုဖူးသူ ဖြစ်ရမည်။
    ( ခ) အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်ရမည်။
    ( ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
    (ဃ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား (ကျား/မ) ဖြစ်ရမည်။
    ( င) စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းသားဦးရေ-

(၁) စက်ရုံပစ္စည်းပညာသည်သင်တန်း ၃၀ ဦး
(၂) ကွန်ပျူတာသုံးဒီဇိုင်းထုတ်လုပ်သူသင်တန်း ၃၀ ဦး
(၃) လျှပ်စစ်ပညာသည်သင်တန်း ၃၀ ဦး
(၄) အီလက်ထရောနစ်ပညာသည်သင်တန်း ၃၀ ဦး
(၅) သတ္တုရည်ကျိုလုပ်သားသင်တန်း     ၃၀ ဦး
  စုစုပေါင်းသင်တန်းသားဦးရေ ၁၅၀ဦး

Website Address : www.itcthagaya.edu.mm

သင်တန်းအမှတ်စဉ် (၁၆)အတွက် သင်တန်းဝင်ညွှန်ကြားလွှာနှင့် သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါ Link တွင် Download ရယူကြည့်ရှုနိုင်ပါသည်။

Announcement News Of Ministry Of Myanmar Industry | MOIN

 

 

 

Top