THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

MYANMAR INDUSTRY PORTAL

  • မူလစာမျက်နှာ services ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွ...

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွက် ထောက်ခံချက် လျှောက်ထားခြင်း


Fri 29-11-2019

အဆင့် (၁)
    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွက်  ထောက်ခံချက် လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ "ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွက်  ထောက်ခံ ချက် လျှောက်ထားခြင်း" ပုံစံ (၁၃) ကို ဖြည့်သွင်းပြီး ဖော်ပြပါ ပူးတွဲစာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည် -
    (က)    ကုမ္ပဏီ၏ Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင် သို့မဟုတ် Passport မိတ္တူပူးတွဲ)
    ( ခ )     အရောင်းအဝယ်စာချုပ်မိတ္တူ
    ( ဂ )    အန္တရာယ်ကင်းရှင်းမှုအဆင့်မှတ်တမ်းလွှာ (MSDS)
    (ဃ)    Myco တွဲ မိတ္တူ အပါအဝင် ကုမ္ပဏီမှတ်ပုံတင်တွဲမိတ္တူ၊ "ထသက"မိတ္တူ
အဆင့်(၂)
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၂ အရ လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၁၃)အား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက် စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ် ခြင်း(သို့) အခြားအချက်အလက်များ လိုအပ်ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင် ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခွင့်အတွက် ထောက်ခံချက်အား ထုတ်ပေးမည်ဖြစ်သည်။
အဆင့်(၃)
    လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက်လာရောက်ထုတ်ယူပါက မှတ်ပုံတင် မိတ္တူနှင့် သော်လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာမူရင်းနှင့်အတူ မှတ်ပုံတင် မိတ္တူ တစ်စုံနှင့်အတူ ယူဆောင်လာရပါမည်။
မှတ်ချက်။    ထောက်ခံချက်လျှောက်ထားရယူခြင်းအတွက် အခကြေးငွေပေးဆောင်ရန်မလိုပါ။
                ထောက်ခံချက်သက်တမ်းသည် ထုတ်ပေးသည့်နေ့မှ (၆) လအတွင်းသာဖြစ်သည်။




Top