၁။ | နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အောင်မြင်မှုရရှိစေရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုမြှင့်တင်ရေးအတွက် နည်းပညာ၊ အတတ်ပညာနှင့် ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ရေး၊ |
၂။ | ပြည်တွင်းရှိ သယံဇာတကုန်ကြမ်းပစ္စည်းများကို ထိရောက်အကျိုးရှိစွာအသုံးပြုပြီး တန်ဘိုးမြှင့် ထုတ်လုပ်ခြင်းအား တိုးမြှင့်ဆောင်ရွက်ရေး၊ အကြီးစားစက်မှုလုပ်ငန်းကြီးများကို တည်ထောင်ခြင်းဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်နှင့် ပြည်ပပို့ ထုတ်ကုန်များတိုးမြင့်လာစေရေး၊ |
၃။ | စက်မှုထုတ်ကုန်များ အရည်အသွေးတိုးတက်မြင့်မားလာစေရန်နှင့် ဆန်းသစ် တီထွင်နိုင်ရန် အတွက်သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ |
၄။ | အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား အထူးအလေးထားအားပေး မြှင့်တင်ပေးရေး၊ |
၅။ | ပြည်တွင်းရှိ စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး၊ |
၆။ | ဘေးအန္တရာယ်ကင်းရှင်း၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် စက်မှုလုပ်ငန်းများ ဖြစ်စေရေး၊ ပြန်ပြည့်မြဲစွမ်းအင်များ အသုံးပြုနိုင်ရေးနှင့် စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး၊ |
၇။ | မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးကို အထောက်အကူဖြစ်စေမည့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး၊ |
၈။ | စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ မူဘောင်များနှင့် စံချိန်စံညွှန်းများ ရေးဆွဲအကောင် အထည်ဖော်ရေး၊ |
၉။ | နိုင်ငံတကာ၊ ဒေသတွင်းနှင့် နိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပါဝင်နိုင်စေခြင်းဖြင့် ပြည်တွင်းစက်မှုကဏ္ဍ၏ အရည်အသွေးကို မြှင့်တင်နိုင်မည့်နည်းပညာနှင့် အထောက်အပံ့များ ရရှိရေး။ |