THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)

Fri 09-08-2024

-

အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)

တည်နေရာ - ဒေါနဘွားရပ်ကွက်၊အောင်မြေသာစံမြို့နယ်၊မန္တလေးတိုင်းဒေသကြီး။
အကျယ်အဝန်း - ၈၅.၉၂ ဧက
သင်တန်းစတင်ဖွင့်လှစ်သည်နေ့ - ၁၆.၁၀.၂၀၀၈

သမိုင်းကြောင်း
    အမှတ်( ၂ )စက်မှုသင်တန်းကျောင်း( မန္တလေး )စီမံကိန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ သင်တန်းအမှတ်စဉ်(၁)ကို (၁၆.၁၀.၂၀၀၈) ရက်နေ့တွင် သင်တန်းသား/သူ (၂၀၀)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းအမှတ်စဉ် (၁၂) ထိ သင်တန်းသား/သူ (၁,၇၃၆) ဦးကို မွေးထုတ်ခဲ့ပြီး ဖြစ်ပါသည်။
    သင်တန်းကျောင်းတည်ထောင် ဖွင့်လှစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်လွန်ခဲ့ပြီဖြစ်သဖြင့် သင်ကြားရေးပိုင်းဆိုင်ရာတွင် ခေတ်နှင့်လျော်ညီသည့်  အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လိုအပ်လာခဲ့ ပါသည်။ ထိုကြောင့် မူလကထောက်ပံ့ခဲ့သော သက်ဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ နှင့်ဆက်သွယ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ၂၀၂၀ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ(၂၇)လကြာ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင်ပါ၀င်သည့် လုပ်ငန်း(၈)ခုရှိပြီး ၎င်းတို့မှာ-
    ၁။    အလုပ်ရုံအသစ်(၁)လုံးတည်ဆောက်ခြင်း (၆၀ မီတာ × ၃၆ မီတာ)
    ၂။    လက်ရှိ အဆောက်အဦ(၃)လုံးအား မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ
    ၃။    ဘာသာရပ်အသစ်(၂)ခု ထပ်မံတိုးချဲ့ခြင်းနှင့် သင်ရိုးညွှန်းတမ်းများအား အဆင့်မြှင့်တင်ခြင်း
    ၄။    စက်ပစ္စည်းအသစ်များနှင့် သင်ထောက်ကူပစ္စည်းအသစ်များထောက်ပံ့ခြင်း
    ၅။    ကွန်ပျူတာခန်းနှင့် ကွန်ပျူတာများအား အဆင့်မြှင့်တင်ခြင်း
    ၆။    သင်တန်းနည်းပြ (၁၈) ဦးအား တရုတ်နိုင်ငံသို့  (၃)လ Technical Training စေလွှတ်ခြင်း
    ၇။    စာကြည့်တိုက်အတွက် စာအုပ်(၁,၈၀၀)ခန့် ထောက်ပံ့ပေးအပ်ခြင်း နှင့်
    ၈။    တရုတ်နိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်(၇)ဦးတို့မှ (၃)နှစ်ကြာ Long Term Technical Support ပြုလုပ်ပေးခြင်း တို့ဖြစ်ပါသည်။

သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းသားဦးရေ-

(၁) စက်ခုတ်စားမှု၊စက်ကိရိယာများကိုင်တွယ်မောင်းနှင်မှုသင်တန်း ၃၅ ဦး
(၂) ကွန်ပျူတာသုံးဒီဇိုင်း/ထုတ်လုပ်မှုနှင့်စက်ကိရိယာကိုင်တွယ်မောင်းနှင်မှုသင်တန်း ၄၀ ဦး
(၃) လျှပ်စစ်ပညာသည်သင်တန်း ၄၀ ဦး
(၄)  ဂဟေဆက်၊သတ္တုရည်စိမ်နှင့်မျက်နှာပြင်ပြုပြင်ခြင်းသင်တန်း ၃၅ ဦး
  စုစုပေါင်းသင်တန်းသားဦးရေ ၁၅၀ ဦး

သင်တန်းဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ
    (၁)    Grade 12 ပြီးမြောက်သူဖြစ်ရမည်။
    (၂)    အသက်(၁၇)နှစ်နှင့် (၂၅)နှစ် ကြားရှိသူ ဖြစ်ရမည်။
    (၃)    ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်။
    (၄)    သင်တန်းကျောင်း၏စည်းကမ်းများအား လိုက်နာနိုင်သူ ဖြစ်ရမည်။
    (၅)    ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
    (၆)    အိမ်ထောင်မရှိသူ(လူပျို/အပျို) ဖြစ်ရမည်။

လျှောက်လွှာနှင့်အတူပါရှိရမည့် အချက်များ
    (၁)    လိုင်စင်ဓါတ်ပုံ (၃)ပုံ။
    (၂)    နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ။
    (၃)    အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်။
    (၄)    Grade 12 ပြီးမြောက်ကြောင်း ထောက်ခံချက်။
    (၅) ကျန်းမာရေးထောက်ခံချက်။

သင်တန်းဝင်ခွင့် လျှောက်ထားနိုင်သည့် နေရာများ
    (၁) စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
    (၂) အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)၊ (၁၀)လမ်းနှင့် မြို့ပတ်လမ်းဒေါင့်၊ ၊အကွက်(၁၃)၊ ဒေါနဘွားရပ်ကွက်၊အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
 

Website Address               : www.itcmandalay.edu.mm

သင်တန်းအမှတ်စဉ် (၁၄)အတွက် သင်တန်းဝင်ညွှန်ကြားလွှာနှင့် သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါ Link တွင် Download ရယူကြည့်ရှုနိုင်ပါသည်။

Announcement News Of Ministry Of Myanmar Industry | MOIN

 

 

 

Top