ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန


အမှတ်(၇)စက်မှုသင်တန်းကျောင်း(မုံရွာ)

Thu 26-01-2023

.

တည်နေရာ
    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ မုံရွာမြို့မှ အရှေ့ဘက် (၅) မိုင် (၄) ဖာလုံ အကွာ၊ မုံရွာ - ကျောက္ကာ လမ်းမနံဘေး ရွာတုံရွာအနီးတွင် တည်ရှိပါသည်။

အကျယ်အဝန်း - စက်မှုသင်တန်းကျောင်း(မုံရွာ)စီမံကိန်း၏ အကျယ်အဝန်းမှာ ၁၂.၃၂၄ ဧက ဖြစ်ပါသည်။

သမိုင်းအကျဉ်း
    စက်မှုသင်တန်းကျောင်း(မုံရွာ)စီမံကိန်း နေရာသည် ယခင်က အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်း လက်အောက်ရှိ အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး)၏ စက်ရုံခွဲတစ်ခုဖြစ်သော အမှတ်(၆)အထည်စက်ရုံခွဲ(မုံရွာ)၏နေရာဖြစ်ပါသည်။ အမှတ်(၆)အထည်စက်ရုံခွဲ(မုံရွာ)အား ၁၉၉၉ ခုနှစ်တွင် စတင် အကောင် အထည်ဖော်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် မတ်လ (၂၄) ရက်နေ့တွင် ကုန်ထုတ်လုပ်မှုစတင်ဆောင်ရွက်ခဲ့ပါသည်။ စက်ရုံရှိ စက်များသည် ခေတ်မမီခြင်း၊ စက်အရန် ပစ္စည်း များရှားပါးခြင်း၊ နည်းပညာခေတ်မမီတော့ခြင်း၊ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းအရည် အသွေးများမှာ စျေးကွက်ဝင် မှုမရှိခြင်း နှင့် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိခြင်း တို့ကြောင့် ထုတ်လုပ်မှုအား ရပ်ဆိုင်းထားသဖြင့် စက်မှုသင်တန်းကျောင်း (မုံရွာ)စီမံကိန်းသို့ ၇.၁.၂၀၁၉ ရက်နေ့တွင် လွှဲပြောင်းခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလမှစတင်၍ သင်တန်းကျောင်း၏စီမံကိန်းလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ပါသည်။

ဘာသာရပ်များနှင့်သင်တန်းသားဦးရေ

(၁) စက်ကိရိယာများကိုင်တွယ်မောင်းနှင်မှုသင်တန်း (တွင်ခုံ/ ကြိတ်ခုံ) ၂၀
(၂) ဂဟေဆက်ပညာသင်တန်း ၂၀
(၃) မော်တော်ယာဉ်စက်ပြင်သင်တန်း ၂၀
(၄) ရေခဲသေတ္တာနှင့် လေအေးပေးစက် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း ၂၀
(၅) သတင်းအချက်အလက်နှင့်နည်းပညာသင်တန်း ၂၀
(၆) အဝတ်အထည်ထုတ်လုပ်မှုသင်တန်း ၂၀
  စုစုပေါင်း ၁၂၀

သင်တန်းအမှတ်စဉ် (၁)အတွက် သင်တန်းဝင်ညွှန်ကြားလွှာနှင့် သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါ Link တွင် Download ရယူကြည့်ရှုနိုင်ပါသည်။

https://www.industry.gov.mm/announcements/528

 

Top