အဆင့် (၁)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မှတ်ပုံ တင်လက်မှတ် လျှောက်ထားရန်လိုအပ်ပါသည်။
မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာ ပုံစံ(၇) နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရမည်-
(က) ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ ( မှတ်ပုံတင်/ Passport မိတ္တူပူးတွဲ )
( ခ ) လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
( ဂ ) အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ်(အညွှန်းစာ) (၁) စုံ (မြန်မာ ဘာသာပြန်ဆိုချက်ဖြင့်)
(ဃ) ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူများ
( င ) စက်ရုံ၊ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့်မိတ္တူ
( စ ) အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ(MSDS/SDS)
(ဆ) Certificate of Analysis (COA)
( ဇ ) ကုမ္ပဏီမှတ်ပုံတင်၊ Extract
အဆင့်(၂)
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ၂၅ အရ လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၇)အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း (သို့) အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်း ကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။
အဆင့်(၃)
လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့ စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဘဏ်အကောင့် (MD-012564) သို့ မှတ်ပုံတင်ခပေးသွင်းရပါမည်။
(၁) မှတ်ပုံတင်ခ
စဉ် ဓာတုပစ္စည်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ မျိုးမှ ၁၀ မျိုးထိ ၇၅,၀၀၀ ၂ နှစ်
( ခ ) ၁၁ မျိုးမှ ၂၀ မျိုးထိ ၁၅၀,၀၀၀ ၂ နှစ်
( ဂ ) ၂၁ မျိုးနှင့်အထက် ၂၂၅,၀၀၀ ၂ နှစ်
အဆင့်(၃-က)(မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးခြင်း)
မှတ်ပုံတင်လက်မှတ်ရရှိသူသည် မှတ်ပုံတင်လက်မှတ် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း(၃၀) ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး ဥက္ကဌ၏ ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာစီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ ပေးသွင်းရပါမည်။
စဉ် ဓာတုပစ္စည်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ မျိုးမှ ၁၀ မျိုးထိ ၄၅,၀၀၀ ၂ နှစ်
( ခ ) ၁၁ မျိုးမှ ၂၀ မျိုးထိ ၉၀,၀၀၀ ၂ နှစ်
( ဂ ) ၂၁ မျိုးနှင့်အထက် ၁၃၅,၀၀၀ ၂ နှစ်
အဆင့်(၄)
လျှောက်ထားသူကိုယ်တိုင် မှတ်ပုံတင်လက်မှတ် လာရောက်ထုတ်ယူပါက မှတ်ပုံတင်/ Passport မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်အတူ ယူဆောင်လာရပါမည်။
မှတ်ချက်။ မှတ်ပုံတင်လက်မှတ်သက်တမ်းသည် (၂) နှစ်သာဖြစ်သည်။
ဆက်သွယ်ရန်လိပ်စာ
စာချုပ်စာတမ်းများစိစစ်ရေးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊
ရာဇဌာနီလမ်း၊ နေပြည်တော်
ဖုန်း ၀၆၇၃-၄၀၅၃၃၆ ၊ Website : www.industry.gov.mm