ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန


အမှတ်(၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ)

Fri 23-08-2024

.

အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ)

တည်နေရာ - မြင်းခြံခရိုင်၊ မြင်းခြံမြို့၏  မြောက်ဘက် (၁၄)မိုင်အကွာ ၊ ကုက္ကဲကျေးရွာအနီး ၊ မိုင်တိုင်အမှတ်(၄၇၂) မြင်းခြံ - နဘူးအိုင် - မန္တလေးလမ်းမ၏ အရှေ့ဘက်၊ မန္တလေးတိုင်းဒေသကြီး
အကျယ်အဝန်း     - ၁၉၉.၅၈ ဧက
သင်တန်းစတင်ဖွင့်လှစ်သည်နေ့     - ၂၃.၂.၂၀၁၄

သမိုင်းအကျဉ်း
    အမှတ်(၆)စက်မှုသင်တန်းကျောင်း (မြင်းခြံ)သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် အိန္ဒိယပြည်သူ့ သမ္မတနိုင်ငံတို့ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုအရ ဆောင်ရွက်သည့်စီမံကိန်း တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်မှ ထောက်ပံ့သော (Grant Aid) စီမံကိန်း တစ်ခု ဖြစ်ပါသည်။
    ၂၀၁၁ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် နှစ်နိုင်ငံအစိုးရ နားလည်မှု စာချွှန်လွှာ MOU လက်မှတ် ရေးထိုးခဲ့ပါသည်။
    ၂၀၁၁ ခုနှစ်၊     ဇန်နဝါရီလတွင်  စတင် အုတ်မြစ်ချတည်ဆောက်ခဲ့ရာ တည်ဆောက်ရေး ကာလ (၂)နှစ်နှင့် (၈)လ ကြာမြင့်ခဲ့ပြီး၊ လွှဲပြောင်း/ လက်ခံခြင်း အခမ်းအနားကို ၂၀၁၃ခုနှစ်၊  အောက်တိုဘာလ(၁၅) ရက်နေ့တွင် ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။
    အမှတ် (၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)ကို အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအစိုးရတို့၏သဘောတူညီမှုဖြင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် စတင်ကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး သင်တန်းအမှတ်စဉ် (၁) ကို ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ လ(၂၃) ရက်နေ့တွင် စတင်ဖွင့်လှစ်လေ့ကျင့်သင်ကြားခဲ့ရာ သင်တန်းအမှတ်စဉ်(၁) မှ (၈) အထိ သင်တန်းဆင်းကျွမ်းကျင်လုပ်သား (၁၂၁၅) ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
 

ဘာသာရပ်များနှင့် သင်တန်းသားဦးရေ-

(၁)     တွင်ခုံအထူးပြုစက်ခုတ်စားမှုပညာသည်သင်တန်း
(၂)     ပုံစံခွက်ပြုလုပ်ခြင်းပညာသည်သင်တန်း
(၃)     ကွန်ပြူတာသုံးစက်များဖြင့်စက်ခုတ်စားမှုပညာသည် သင်တန်း
(၄)     ဂဟေဆက်အတတ်ပညာသည် သင်တန်း
(၅) သံရည်ကျိုပညာသည်သင်တန်း    
(၆) လျှပ်စစ်ပညာသည်သင်တန်း
(၇) လျှပ်စစ်ပစ္စည်းများပြုပြင်မှုပညာသည် သင်တန်း

 

 

 

 

 


Website Address  : www.itcmyingyan.edu.mm

သင်တန်းအမှတ်စဉ် (၈)အတွက် သင်တန်းဝင်ညွှန်ကြားလွှာနှင့် သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါ Link တွင် Download ရယူကြည့်ရှုနိုင်ပါသည်။

https://industry.gov.mm/announcements/648

 

 

 

Top