THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

MYANMAR INDUSTRY PORTAL


အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း


Fri 01-10-2021

အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း

    
နောက်ခံသမိုင်းအကျဉ်း
     ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့မှစ၍ မြန်မာ့မော်တော်ယာဉ်နှင့်  ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်း နှင့် မြန်မာ့လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတို့အား ပူးပေါင်း၍ အမှတ်(၁)အထွေထွေအကြီးစားစက်မှုလုပ်ငန်းအား အရာထမ်းရာထူး(၄၉၈)နေရာ၊ အမှုထမ်း ရာထူး(၇၃၅၅)နေရာ၊ စုစုပေါင်းရာထူး (၇၈၅၃)နေရာဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းနောက် ၂၀၁၂ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် အမှတ်(၁)အထွေထွေအကြီးစားစက်မှုလုပ်ငန်းအား အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းအဖြစ် အရာထမ်းရာထူး (၅၈၂)နေရာ၊ အမှုထမ်းရာထူး (၇၆၈၅)နေရာ၊ စုစုပေါင်းရာထူး (၈၂၆၇) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
    ထို့နောက် စက်ရုံ(၃)ရုံအား အမှတ်(၃)အကြီးစက်မှုလုပ်ငန်းသို့ လွှဲပြောင်းပေးပြီး၊ သံမဏိစက်ရုံ(၂)ရုံအား အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှုအောက်သို့ သွတ်သွင်း၍ (၁.၄.၂၀၁၄) ရက်နေ့မှစ၍ အရာထမ်းရာထူး (၆၄၈)နေရာ၊ အမှုထမ်း ရာထူး (၇၉၉၈)နေရာ၊ စုစု ပေါင်းရာထူး (၈၆၄၆)နေရာဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
    ထို့အပြင် (၁.၄.၂၀၁၅) ရက်နေ့မှစ၍ စက်ရုံ(၉)ရုံဖြင့် ပြန်လည်ဖွဲ့စည်းမှု ဆောင်ရွက်ခဲ့ပြီးနောက် (၃၁.၃.၂၀၁၆) ရက်နေ့တွင် ကြီးကြပ်မှုအောက်ရှိ စက်ရုံ(၃)ရုံ နှင့်  စီမံကိန်း(၂)ခုတို့အား ကာကွယ်ရေးဝန်ကြီးဌာနသို့ အပြီးသတ်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ကျန်ရှိသည့် စက်ရုံ(၆)ရုံများအနက်မှ (၄)ရုံကို  ၂၃.၉.၂၀၂၂ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ အပြီးသတ်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

လက်ရှိဖွဲ့စည်းပုံ
    အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၏ လက်ရှိဖွဲ့စည်းပုံအရ ဌာနနှင့် စက်ရုံများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်- 
     ( က) အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)
      (ခ) အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)
      (ဂ) အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)
        မှတ်ချက်။    သံမဏိစက်ရုံ(၂)ရုံမှာ လက်ရှိဆောင်ရွက်ဆဲစီမံကိန်းများ ဖြစ်ပါသည်။



Top