THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


Certificate of Approval- CoA ထုတ်ပေးခြင်း


Thu 18-07-2024

     အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ၊ မော်တော်ယာဉ်ထုတ်လုပ်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးအဖွဲ့မှ ထုတ်ပေးလျက်ရှိသော ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သော မော်တော်ယာဉ်နှင့်နှစ်ဘီး/သုံးဘီး မော်တော်ဆိုင်ကယ်၊ နောက်တွဲယာဉ် နှင့်လယ်ယာသုံးယာဉ်များအတွက် Certificate of Approval(CoA) လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များမှာ အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါသည်-
 

အခြေခံ လိုအပ်ချက်များ

    (က)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့် ရရှိပြီးဖြစ်ရမည်။
    ( ခ )   ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် ရရှိပြီးဖြစ်ရမည်။
    ( ဂ )   မော်တော်ယာဉ်ထုတ်လုပ်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးအဖွဲ့၏ စက်ရုံစစ်ဆေးခြင်း ခံယူပြီး ဖြစ်ရမည်။

 ဝန်ဆောင်ခ (ယာဉ်စစ်ဆေးခ)

    (က)    မော်တော်ယာဉ် Pay Load (1) Ton အောက်          -     ၃၀,၀၀ဝိ/-
    ( ခ )   မော်တော်ယာဉ် Pay Load (1) Ton နှင့်အထက်       -    ၄၀,၀၀ဝိ/-
    ( ဂ )   နှစ်ဘီးမော်တော်ဆိုင်ကယ်                                     -    ၃,၀၀ဝိ/-
    (ဃ)    သုံးဘီးမော်တော်ဆိုင်ကယ်(၄-ယောက်စီး)                -    ၅,၀၀ဝိ/-
    ( င )   သုံးဘီးမော်တော်ဆိုင်ကယ်(၄-ယောက်စီး)အထက်     -     ၇,၀၀ဝိ/-
    ( စ )   နောက်တွဲယာဉ်                                                     -     ၄၀,၀၀ဝိ/-
    (ဆ)    လယ်ယာသုံးယာဉ်                                                -     ၇,၀၀ဝိ/-

  လိုအပ်သော စာရွက်စာတမ်းများ

     (က)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်
    ( ခ )   စစ်ဆေးခံမည့် ယာဉ်များ၏ အင်ဂျင်နံပါတ်နှင့်ဘောင်နံပါတ်စာရင်း
    ( ဂ )   စစ်ဆေးခံမည့် ယာဉ်၏ Specification နှင့် ဓါတ်ပုံ
    (ဃ)    သင်္ဘောတင်စာရွက်စာတမ်း အထောက်အထားများ

  လျှောက်ထားရန်အဆင့်များ

စက်မှုဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားနိုင်ပါသည်။

 ဆက်သွယ်ရမည့်လိပ်စာ

ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
ဖုန်း - ၀၆၇-၃၄၀၅၀၅၆
အီးမေးလ်လိပ်စာ – moi1hiproduction@gmail.com
လိပ်စာ - ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်





Top