| ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
မြင်းကောင်ရေ သုံးကောင်အားနှင့်အထက်ရှိသော အားတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ လုပ်ခစားအလုပ်သမား တစ်ဆယ်ဦးနှင့်အထက်ဖြင့်ဖြစ်စေ ပုဂ္ဂလိကစက်မှုလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်နေသူသည် ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ စက်မှုမှတ်ပုံတင်ရပါမည်။
ပုဂ္ဂလိကစက်မှုလုပ်ငန်းဆိုသည်မှာ ပုဂ္ဂလိက တစ်ဦးချင်းဖြစ်စေ၊ အစု စပ်ဖြစ်စေ၊ ကုမ္ပဏီတည်ထောင်၍ ဖြစ်စေ၊ စက်မှုလုပ်ငန်းလုပ်ကိုင် ခြင်း ကို ဆိုသည်။ယင်းစကားရပ်တွင်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် စက်မှု လုပ်ငန်းများမပါဝင်ပါ။
စက်မှုလုပ်ငန်းဆိုသည်မှာ အားတစ်မျိုးမျိုးကို အသုံးပြု၍ အဆောက် အအုံတစ်ခုခုတွင် ကုန်ကြမ်း ပစ္စည်းမှ ကုန်ချောပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း (အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မပါဝင်)ကိုဆိုလိုသည်။
| ဝန်ဆောင်ခ |
မှတ်ပုံတင်ကြေးသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စက်မှုလုပ်ငန်းအရွယ်အစား မှတ်ပုံတင်ကြေး
အငယ်စား ကျပ် ၁၂၀၀၀/-
အလတ်စား ကျပ် ၂၅၀၀၀/-
အကြီးစား ကျပ် ၅၀၀၀၀/-
ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို အောက်ပါအတိုင်း အရွယ်အစား(၃)မျိုး ခွဲခြားသတ်မှတ် ၍ မှတ်ပုံတင်ပါသည်-

| လိုအပ်သော စာရွက်စာတမ်းများ |
| ၁။ | ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်လျှောက်လွှာ | |
| ၂။ | MIC လုပ်ငန်းဖြစ်ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့် | |
| ၃။ | ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် | |
| ၄။ | လုပ်ငန်းရှင်နှင့်ပတ်သက်သော သတင်း အချက်အလက်များ | |
| အခြားလိုအပ်သော အထောက်အထားများ | ||
| (က) | ထုတ်ကုန် အမျိုးအစားပေါ်မူတည်၍ အရည် အသွေး၊ စံသတ်မှတ်ချက် ပြည့်မီကြောင်း ထောက်ခံစာများ၊ မှတ်တမ်းထိန်းသိမ်းထားရှိမှု များ (FDA ၊ Test Certificate ...) | |
| (ခ) | စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၏ ထောက်ခံစာ/ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၏ ထောက်ခံစာ | |
| ဥပမာ - ရေသန့်လုပ်ငန်းဖြစ်ပါက အစားအသောက်နှင့်ဆေးဝါးစီမံ ခန့်ခွဲမှုဦးစီးဌာန၏ FDA ထောက်ခံချက် | ||
| ၅။ | ဆားလုပ်ငန်းဖြစ်ပါက သတ္တုတွင်းဦးစီးဌာန၏ ဆားထုတ် လုပ်ခွင့်လိုင်စင် | |
| ၆။ | သစ်နှင့်သစ်အခြေခံလုပ်ငန်းဖြစ်ပါက သစ်တောဦးစီးဌာန ၏ Saw Mill လိုင်စင် | |
| ၇။ | ငါး/ပုစွန်အအေးခန်းလုပ်ငန်းဖြစ်ပါက ငါးလုပ်ငန်းဦးစီး ဌာန လိုင်စင် | |
| ၈။ | မြေနေရာ၊ အဆောက်အဦးနှင့် ပတ်သက်သော သတင်းအချက်အလက်များ | |
| ၉။ | ကုန်ထုတ်လုပ်မှု နည်းစဉ် | |
| ၁၀။ | အလုပ်သမားခန့်ထားခြင်းနှင့် ပတ်သက်သော သတင်း အချက် အလက်များ | |
| ၁၁။ | လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းနှင့် ပတ်သက်သော သတင်း အချက်အလက်များ | |
| ၁၂။ | ဘွိုင်လာအသုံးပြုခြင်းများရှိပါကဘွိုင်လာအသုံးပြုခွင့်လက်မှတ် | |
| ၁၃။ | ဓာတ်ပုံမှတ်တမ်း | |
| (က) | ကိုယ်ပိုင်မြေဖြစ်လျှင် မြေပိုင်ဆိုင်မှုအထောက်အထား ဂရန်မိတ္တူ | |
| (ခ) | အငှားမြေဖြစ်လျှင် မြေအငှားစာချုပ် မိတ္တူ | |
| ၁၄။ | အလုပ်သမားခန့်ထားခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ | |
| (က) | လူမှုဖူလုံရေးအဖွဲ့ အလုပ်ရှင်မှတ်ပုံတင်အမှတ် | |
| ၈။ | လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ | |
| (က) | လျှပ်စစ် ဓာတ်အားအသုံးပြုခြင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် | |
| (ခ) | ဂျင်နရေတာ အသုံးပြုပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ မှတ်ပုံတင်လက်မှတ် | |
| ၉။ | ဘွိုင်လာအသုံးပြုခြင်းများရှိပါက ဘွိုင်လာအသုံးပြုခွင့်လက်မှတ် | |
| ၁၀။ | ကုန်ထုတ်လုပ်မှုနည်းစဉ် | |
| ၁၁။ | ဓာတ်ပုံမှတ်တမ်း | |
| လျှောက်ထားရန်အဆင့်များ |
| မှတ်ချက် |
| ဝန်ဆောင်မှုပေးသည့် ဌာနအားဆက်သွယ်ရ မည့်လိပ်စာ |
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှု၀န်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်၊
တယ်လီဖုန်းနံပါ တ်-၀၆၇-၄၀၈၄၄၅၊ ၀၆၇-၄၀၈၂၉၁၊ ၀၆၇-၄၀၈၃၃၄
တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများနှင့် ခရိုင်ရုံးများ၏ လိပ်စာများကို အောက်တွင် Download ရယူနိုင်ပါသည်။
| ဝဘ်ဆိုက် လိပ်စာ |
http://www.disi.gov.mm