| လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန | စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန) | 
		
			| ရည်ရွယ်ချက် | လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် | 
		
			| လိုအပ်သည့်စာရွက် စာတမ်း | (က) | လျှောက်ထားသူမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေး ပေးပါရန်လျှောက်လွှာ | 
		
			|  | (ခ) | လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် | 
		
			|  | (ဂ) | Single line Diagram ၊ line Route Map၊ Catalogue နှင့် စံသတ်မှတ်ချက် | 
		
			| လုပ်ငန်းစဉ်အဆင့် | (က) | လျှောက်ထားသူသည် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် လိုအပ်သော ရွက်စာတမ်းများနှင့်တကွ လျှောက် လွှာကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။ | 
		
			|  | (ခ) | မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလုပ်ငန်းများကို လုပ်ကိုင်နိုင် သည့် အင်ဂျင်နီယာ မှတ်ပုံတင်လက်မှတ် ပါရှိရမည်။ | 
		
			|  | (ဂ) | Single Line Diagram၊စံသတ်မှတ်ချက်၊ Line Route Map၊ Catalogue များကိုလျှပ်စစ်စစ်ဆေးရေးမှ တာဝန်ရှိသူမှ စိစစ်ပါမည်။ | 
		
			|  | (ဃ) | လျှောက်လွှာတွင် ဖော်ပြထားသော စံသတ်မှတ်ချက်များနှင့် အညီ တည်ဆောက် တပ်ဆင်မှု ပြီးစီးပါက စစ်ဆေးရေး အဖွဲ့ သည် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ၏ သွယ်တန်း တပ်ဆင်မှုကို ကွင်းဆင်းစစ်ဆေးပါမည်။ | 
		
			|  | (င) | စစ်ဆေးမည့်နေ့နှင့် လာရောက်စစ်ဆေးမည့်သူ အမည်ကို စစ်ဆေးမည့် အချက်များနှင့်တကွ  လျှောက်ထားသူထံ အကြောင်းကြားပါမည်။ | 
		
			|  | (စ) | စစ်ဆေးပြီးနောက် ပြုပြင်ရန်အချက်များရှိပါက (၇) ရက်အတွင်းအပြီး ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဆင်ပြီး၍ လိုအပ်လျှင် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးမည် ဖြစ်ပါသည်။ | 
		
			|  | (ဆ) | စစ်ဆေးခကို မြန်မာ့စီးပွားရေးဘဏ်ရှိ သတ်မှတ်ငွေစာရင်း ခေါင်းစဉ်သို့ စစ်ဆေးပြီးနောက် (၇) ရက်အတွင်း ပေးသွင်းရ မည်ဖြစ်ပြီးမူရင်းချလံ (၁) စောင်ကို ဌာနသို့ ပြန်လည်ပေးပို့ရ မည် ဖြစ်ပါသည်။ | 
		
			|  | (ဇ) | စစ်ဆေးခြင်းနှင့် စစ်ဆေးခ ပေးသွင်းပြီးနောက် (လိုအပ်ပါ က တပ်ဆင်မှုများတွင် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးမှသာ) လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးမည် ဖြစ်ပါသည်။ | 
		
			| ကုန်ကျစရိတ် | ဝန်ဆောင်ခများစာရင်းတွင်ကြည့်နိုင်ပါသည်။ | 
		
			| ကြာမြင့်ချိန် | ရုံးဖွင့်ရက် အများဆုံး ၇ ရက် | 
		
			| လျှောက်ထားရမည့်နေရာ | သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန | 
		
			| Online စနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်း | လျှောက်လွှာအား Email ဖြင့်ပေးပို့လျှောက်ထားနိုင်ပြီး စစ်ဆေးရေး လုပ်ငန်းများကို ကွင်းဆင်း၍ စစ်ဆေးရပါသည်။ | 
		
			| လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့် | ညွှန်ကြားရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန/ စစ်ဆေးရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် | 
		
			| ဥပဒေ/နည်းဥပဒေအရထုတ်ပေးခြင်းဖြစ်ပါကဥပဒေ/ နည်းဥပဒေ အမည်နှင့်အညွှန်းပုဒ်မ/ အပိုဒ်နံပါတ် | လျှပ်စစ်ဥပဒေ(၂၀၁၄)၊ ပုဒ်မ(၃၂)  (ဃ) လျှပ်စစ်နည်းဥပဒေ   ၉၂ (က)၊ (ခ) | 
		
			| မှတ်ချက် | ဗို့အားမြင့် ဓာတ်အားခွဲရုံ စစ်ဆေးခြင်းအတွက် လျှပ်စစ်တိုင်းတာရေး ကိရိယာများအား စစ်ဆေးလိုသူမှ သယ်ယူပေးရမည် ဖြစ်ပါသည်။ |