ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- လုပ်ငန်းအမျိုးအစားအလိုက်သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားရှိပြီးဖြစ်ခြင်း၊
- လုပ်ငန်းမှတ်ပုံတင်သက်တမ်းအနည်းဆုံး(၂)နှစ်ရှိ၍ (အချို့ဒေသ များတွင် လုပ်ငန်း၏ အခြေအနေပေါ်မူတည်၍ ဖြေလျှော့ ဆောင်ရွက်ပေးပါသည်။)
- အမှန်တကယ် လုပ်ငန်းလည်ပတ်လျက်ရှိခြင်း၊
- SME Member ဝင်ရောက်ပြီးဖြစ်ခြင်း၊
လိုအပ်သောစာရွက် စာတမ်းများ
- SME Member Card မိတ္တူ/ SME ယာယီမှတ်ပုံတင်လက်မှတ်
- CGI စနစ်ဖြင့်ချေးငွေလျှောက်ထားလိုသည့် SME များ၏ လုပ်ငန်းဆိုင်ရာအချက် အလက်များပုံစံ၊
- အိမ်ထောင်စုစာရင်းမိတ္တူ၊
- သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ ခွင့်ပြုချက်၊
- မှတ်ပုံတင်လက်မှတ်မိတ္တူ၊
လျှောက်ထားရန်အဆင့်များ
အဆင့် (၁) - SME Recommendation Letter လျှောက်ထားခြင်း
လုပ်ငန်းရှင်မှ လျှောက်လွှာ၊ လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများတွင် လျှောက်ထားရပါမည်။
အဆင့် (၂) - ကွင်းဆင်းကြည့်ရှုခြင်း
ဝန်ဆောင်မှုပေးသည့် ဌာနအားဆက်သွယ်ရမည့်လိပ်စာ
တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးများ
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးများ