THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF PLANNING FINANCE AND INDUSTRY

MYANMAR INDUSTRY PORTAL

Resources are Limited. Creativity is Unlimited.
  • မူလစာမျက်နှာ services ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက...

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း


Wed 27-11-2019

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့် အစီအစဉ်များ

 

အဆင့် (၁)
    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ "ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း" ပုံစံ(၃)ကို ဖြည့်သွင်းပြီး ဖော်ပြပါ ပူးတွဲစာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည်-
    (က)    ကုမ္ပဏီ Letter Head ဖြင့်  Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေး ထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင် သို့မဟုတ် Passport မိတ္တူပူးတွဲ)
    ( ခ )     Proforma Invoice မိတ္တူ
    ( ဂ )     အရောင်းအဝယ်စာချုပ်မိတ္တူ
    (ဃ)    တင်ပို့မည့်ကုန်ပစ္စည်းအား အသုံးပြုပုံ
    ( င)    ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (D.R.I) မှ Analysis Report (မူရင်း/မိတ္တူ)
    ( စ)    အန္တရာယ်ကင်းရှင်းမှုအဆင့်မှတ်တမ်းလွှာ (MSDS)
    (ဆ)    Myco တွဲမိတ္တူအပါအဝင် ကုမ္ပဏီမှတ်ပုံတင်တွဲမိတ္တူ၊ "ထသက" မိတ္တူ
အဆင့်(၂)
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၀ အရ လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၃)အား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း (သို့) အခြားအချက်အလက်များ လိုအပ်ပါက လျှောက်ထားသူအား အကြောင်း ကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက်အား ထုတ်ပေးမည်ဖြစ်သည်။

အဆင့်(၃)
    လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက်လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာမိတ္တူနှင့်အတူ မှတ်ပုံတင်မိတ္တူတစ်စုံ ယူဆောင်လာရပါမည်။

မှတ်ချက်။    ထောက်ခံချက်လျှောက်ထားရယူခြင်းအတွက် အခကြေးငွေပေးဆောင်ရန်မလိုပါ။
                  ထောက်ခံချက်သက်တမ်းသည် ထုတ်ပေးသည့်နေ့မှ (၆) လအတွင်းသာဖြစ်သည်။

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း လျှောက်လွှာပုံစံ(၃)ကို အောက်တွင် Download ရယူနိုင်ပါသည်။




Top