စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသော အထည်အလိပ်ကုန်စည်များအတွက်သာ အကောက်ခွန်သက်သာခွင့်နှင့်မဆိုင်သည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Non-preferential Certificate of Origin Form B) ထုတ်ပေးခြင်းကို တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပါသည်။
ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Non-preferential Certificate of Origin Form B) လျှောက်ထားရာတွင် CO Form အား ဖျက်ရာပြင်ရာ မပါရှိဘဲ အင်္ဂလိပ်ဘာသာဖြင့် ပြည့်စုံစွာ ဖြည့်စွက်၍ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်-
(က) သတ်မှတ်ထားသည့် CO Form B ပုံစံ
( ခ) သင်္ဘောတင်ပြီးကြောင်းအထောက်အထားမိတ္တူ (Bill of Loading Copy)
( ဂ) အရောင်းပြေစာမိတ္တူ (Invoice Copy)
(ဃ) ပါဝင်သည့်ပစ္စည်းစာရင်း (Packing List)
( င) ပို့ကုန်ကြေငြာလွှာ (မူရင်းနှင့်မိတ္တူ) (Export Declaration Original and Copy)
( စ) အရောင်းအ၀ယ်စာချုပ်မိတ္တူ (Sales Contract Copy)
(ဆ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထောက်ခံချက်
အထည်အလိပ်ကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့်နှင့်မဆိုင် သည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Non-preferential Certificate of Origin Form B) လျှောက်ထားရမည့် CO Form B ပုံစံအား အောက်တွင် Download ရယူနိုင်ပါသည်။