THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Tenders News စက်မှုသင်တန်းကျောင်း(မုံရွာ)၏ Main Building အကြီးစားပြုပြင်မွမ်းမံခြင်း တည်ဆောက်...

စက်မှုသင်တန်းကျောင်း(မုံရွာ)၏ Main Building အကြီးစားပြုပြင်မွမ်းမံခြင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Wed 18-04-2018 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
တည်ဆောက်ရေးလုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အောက်ရှိ စက်မှုသင်တန်း ကျောင်း(မုံရွာ)တွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် (ဧပြီလမှစက်တင်ဘာလ) ငွေလုံးငွေရင်း အသုံးစရိတ် (ဆောက်လုပ်ရေး) ခွင့်ပြုရန်ပုံငွေပါ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်ရှိပါသဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များမှ  အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်- 

လုပ်ငန်းတည်နေရာ လုပ်ငန်းအမည်
စက်မှုသင်တန်းကျောင်း(မုံရွာ)   Main Building အကြီးစားပြုပြင်မွမ်းမံခြင်း
စစ်ကိုင်းတိုင်းဒေသကြီး (၂၂၀'-၀"x၃၈၀'-၀")

 

(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၁၈  .  ၄  .၂၀၁၈
(ခ ) တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၁၇  .  ၅  .၂၀၁၈ (၁၆:၀၀) နာရီ
(ဂ) တင်ဒါပေးသွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးချုပ်ရုံးခန်း
      စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
      စက်မှုဝန်ကြီးဌာန
      ရုံးအမှတ်(၃၀)၊ နေပြည်တော်

၂။ စည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါက စုံစမ်းနိုင်ပါသည်။

သင်တန်းကျောင်းများကြီးကြပ်ရေးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

ရုံးအမှတ်(၃၀)၊ နေပြည်တော်

ဖုန်း- ၀၆၇ ၄၀၅၀၅၁


Top