စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
မှန်စက်ရုံ( ပုသိမ်) ပိုင် မြေဧရိယာ (၂) ခုအား ပိုင်းခြားငှားရမ်းရန်
နှစ်တိုတင်ဒါ (၁) လသက်တမ်းတိုးခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မှန်စက်ရုံ(ပုသိမ်)၏ မြေဧရိယာ(၂)ခုအား အောက်ပါအတိုင်းပိုင်းခြား၍ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကာလတို (၅) နှစ် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူသွားမည်ဖြစ်ပါသည်-
တင်ဒါအမှတ်စဉ်(၁)၊ ထုပ်ပိုးစက်ရုံမြေ(အဆောက်အဦ ၇ လုံးပါ) - ၁၃.၂၇ ဧက
တင်ဒါအမှတ်စဉ်(၂)၊ အုန်းဆီစက်ရုံမြေ(အဆောက်အဦ ၁၃ လုံးပါ) - ၁၂.၉၁ ဧက
၂။ အပိုဒ်(၁)ပါ တင်ဒါ (၂) ခုအနက် အဆိုပြုလွှာဝယ်ယူလိုသည့် တင်ဒါအမှတ်စဉ်အတွက် တင်ဒါ အဆိုပြုလွှာပုံစံ ရွေးချယ်ဝယ်ယူ၍ ပြန်လည်တင်သွင်းနိုင်ပါသည်။
၃။ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသောကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြသည့်တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်တွင် (၉-၃-၂၀၂၆) ရက်နေ့မှစ၍ တင်ဒါပုံစံလာရောက်ဝယ်ယူနိုင် ပါသည်။ (အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)