ASEAN Energy Award 2026 ပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ခြင်း
၁။ အာဆီယံနိုင်ငံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် အားပေးနိုင်ရန် ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ASEAN Centre for Energy (ACE) မှ ဦးစီး၍ ASEAN Energy Award ဖိတ်ခေါ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။ ယခုအခါ ASEAN Energy Award 2026 ပြိုင်ပွဲအား ကျင်းပမည်ဖြစ်ရာ Energy Efficiency နှင့်သက်ဆိုင်သည့် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား (၃)ခုတွင် စက်ရုံ၊ အလုပ်ရုံများနှင့် အဆောက်အဦများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်-
(က) ASEAN Best Practices for Energy Efficient Buildings (EEB) Awards
(ခ) ASEAN Best Practices for Green Building (GB) Awards
(ဂ) ASEAN Best Practices for Energy Management (EM) in Buildings and Industries Awards
၂။ ပြိုင်ပွဲဝင် လျှောက်လွှာပုံစံများအား စက်မှုပူးပေါင်ဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စွမ်းအင်ခြိုးခြံချွေတာရေးဌာနထံ ဆက်သွယ်ရယူနိုင်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို အဆိုပါဌာနသို့ ၂၀.၃.၂၀၂၆ ရက် နေ့ နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပါသည်။
၃။ အဆိုပါ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းလိုပါက စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန ဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၂၂၈ နှင့် ၀၆၇-၃၄၀၅၂၂၉ ၊ အီးမေးလိပ်စာ၊ eecd.moi@gmail.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။