THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း မှန်စက်ရုံ( ပုသိမ်) ပိုင် မြေဧရိ...

စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း မှန်စက်ရုံ( ပုသိမ်) ပိုင် မြေဧရိယာ (၂) ခုအား ပိုင်းခြားငှားရမ်းရန် နှစ်တိုတင်ဒါခေါ်ယူခြင်း


Tue 20-01-2026 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
မှန်စက်ရုံ( ပုသိမ်) ပိုင် မြေဧရိယာ (၂) ခုအား ပိုင်းခြားငှားရမ်းရန်
နှစ်တိုတင်ဒါခေါ်ယူခြင်း


၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မှန်စက်ရုံ(ပုသိမ်)သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မြောက်ဘက် (၇) မိုင်အကွာ၊ ပုသိမ်ဝါးယားချောင်းသွား ကားလမ်းမပေါ်ရှိ ကြည်သာကျေးရွာမှ အရှေ့ဘက်(၁)မိုင်ခန့်အကွာတွင်တည်ရှိပြီး မှန်အကြည် များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည့် စက်ရုံဖြစ်ပါသည်။ စက်ရုံပိုင် မြေဧရိယာ(၂)ခုအား  အောက်ပါအတိုင်းပိုင်းခြား၍ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကာလတို (၅) နှစ် ငှားရမ်းဆောင် ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူသွားမည်ဖြစ်ပါသည်-
        တင်ဒါအမှတ်စဉ်(၁)၊ ထုပ်ပိုးစက်ရုံမြေ(အဆောက်အဦ ၇ လုံးပါ)              -    ၁၃.၂၇    ဧက
        တင်ဒါအမှတ်စဉ်(၂)၊ အုန်းဆီစက်ရုံမြေ(အဆောက်အဦ ၁၃ လုံးပါ)            -    ၁၂.၉၁    ဧက    
၂။     အပိုဒ်(၁)ပါ တင်ဒါ (၂) ခုအနက် အဆိုပြုလွှာဝယ်ယူလိုသည့် တင်ဒါအမှတ်စဉ်အား တင်ဒါ အဆိုပြုလွှာပုံစံ ရွေးချယ်ဝယ်ယူ၍ တင်ဒါအဆိုပြုလွှာတင်သွင်းနိုင်ပါသည်။
၃။    ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ကုမ္ပဏီများသည် ၎င်းတို့၏တင်ဒါအဆိုပြုလွှာကို စက်မှုဝန်ကြီး ဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေးဌာန ၊ ရုံးအမှတ် (၄၁) ၊ နေပြည်တော်သို့လိပ်မူ၍ (၂၀- ၂ -၂၀၂၆) ရက်နေ့၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့တင်ပြရမည်ဖြစ်ပါသည်။ 
၄။        တင်ဒါအဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်တင်ပြ၍ အထက်ပါလိပ်စာတွင် (၂၁-၁-၂၀၂၆) ရက်နေ့မှစ၍ လာရောက် ဝယ်ယူနိုင်ပါသည်။ (အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉)
                    
 


Top