THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှု၀န်ကြီးဌာန အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း စက်ရုံငှားရမ်းလုပ်ကိုင်ရန် အိတ်ဖ...

စက်မှု၀န်ကြီးဌာန အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း စက်ရုံငှားရမ်းလုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Thu 15-01-2026 No.3 Heavy Industrial Enterprise


စက်မှု၀န်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စက်ရုံငှားရမ်းလုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အိတ်ဖွင့်တင်ဒါအမှတ်(၁/၂၀၂၅-၂၀၂၆)

    
၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)ရှိ ချည်မျှင်ဌာန၏ မြေဧရိယာ(၅)ဧကနှင့် အဆောက်အဦများကို ငှားရမ်းလိုပါသဖြင့် စိတ်ပါဝင်စားသူ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်ပါသည်။
၂။    တင်ဒါဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    တင်ဒါပုံစံရောင်းချမည့်ရက်            -     ၁၉.၁.၂၀၂၆    
    (ခ)    တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန်    -     ၂.၂.၂၀၂၆ ရက်၊ ၁၆:၀၀ နာရီ
    (ဂ)    တင်ဒါတင်သွင်းရမည့်နေရာ            -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်
၃။    တင်ဒါပုံစံများကို  ၁၉.၁.၂၀၂၆ ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ ဖုန်း ၀၆၇-၄၀၈၃၃၈၊ ၀၆၇-၄၀၈၁၅၆ နှင့် အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)၊ ဖုန်း ၀၉-၂၀၀၅၅၃၄၊ ၀၉-၉၅၇၄၇၇၇၇၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
 


Top