စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင် မြေလွတ်ဧရိယာ (၁.ဝ၅ဝ) ဧကအား ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက်
တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဒဂုံမြို့နယ် ၊ စက်မှုဇုန် (၁) ၊ (၂၃) ရပ်ကွက် ၊ မိုးကုတ်လမ်း ၊ မြေကွက်အမှတ် (၅၁၃) နှင့် (၄၇၇) ရှိ မြေလွတ်ဧရိယာ (၁.၀၅၀) ဧကအား စက်မှုထုတ်ကုန် ၊ စားသောက်ကုန်နှင့် သိုလှောင်ရုံလုပ်ငန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်တို (၅)နှစ် ငှားရမ်းနိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း / ပြည်ပ ကုမ္ပဏီများသည် မိမိတို့၏ တင်ဒါတင်သွင်းလွှာကို စက်မှုဝန်ကြီးဌာန ၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ၊ စီမံရေးဌာန ၊ ရုံးအမှတ် (၄၁) ၊ နေပြည်တော်သို့ လိပ်မူ၍ (၁၉-၁-၂၀၂၆) ရက်နေ့၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၃။ အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့် သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၅-၁-၂ဝ၂၆) ရက်နေ့မှစ၍ လာရောက်ဝယ်ယူနိုင်ပါသည်။ (သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄ဝ၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆ )