စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း
ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်ယူခြင်း
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ သွေးကြောသွင်းဆေးရည်ထုတ်လုပ်ရေးဌာန(၂)အား အဆင့်မြှင့်တင်၍ သွေးကြောသွင်းဆေးရည် တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ဆေးရည်အမယ်သစ်များထုတ်လုပ်ခြင်းအတွက် ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ဆောင်ရွက်ရန် အောက်ပါအတိုင်း ဖိတ်ခေါ်အပ်ပါသည်-
- တင်ဒါအဆိုပြုလွှာ (Request for Proposal - RFP) စတင်ရောင်းချမည့်ရက်နှင့်အချိန် - ၂၄.၁၁.၂၀၂၅ (ရုံးချိန်အတွင်း)
- တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၈.၁၂.၂၀၂၅ (၁၆း၀၀ နာရီ)
- Website - www.industry.gov.mm
- လျှောက်လွှာပေးသွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်။
၂။ အသေးစိတ်သိရှိလိုပါက ရုံးဖုန်း - ၀၆၇ - ၃၄၀၈၁၄၀ ၊ ၀၆၇ - ၃၄၀၈၃၇၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။