THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)၊ အထည်ဆေးဆိုးခြင်း...

အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)၊ အထည်ဆေးဆိုးခြင်းဆိုင်ရာ စက်နှင့်စက်ပစ္စည်း(၂၀)မျိုးအား Third Party အဖွဲ့ဖြင့် ကာလပေါက်ဈေးနှင့်အညီ တန်ဖိုးစိစစ်သတ်မှတ်သည့်ဝန်ဆောင်မှုလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Thu 13-11-2025 No.3 Heavy Industrial Enterprise

စက်မှု၀န်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အိတ်ဖွင့်တင်ဒါအမှတ်(၁/၂၀၂၅-၂၀၂၆)

    
၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) အား ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ဂျပန်နိုင်ငံ Tsuyatomo Co.,Ltd. မှ ရင်းနှီးမြှုပ်နှံမှုအဖြစ် တင်သွင်းလာမည့် အထည်ဆေးဆိုးခြင်းဆိုင်ရာ စက်နှင့်စက်ပစ္စည်း(၂၀)မျိုးအား Third Party အဖွဲ့ဖြင့် ကာလပေါက်ဈေးနှင့်အညီ တန်ဖိုးစိစစ်သတ်မှတ်သည့်ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်ပါသည်။        
၂။          တင်ဒါဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
             (က)   တင်ဒါပုံစံရောင်းချမည့်ရက်             -    ၁၈-၁၁ -၂၀၂၅    
             (ခ)    တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန်    -    ၁၇-၁၂-၂၀၂၅   ရက်၊ ၁၆:၀၀ နာရီ
             (ဂ)    တင်ဒါတင်သွင်းရမည့်နေရာ             -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ရုံးအမှတ်(၃၇)၊ နေပြည်တော်။
၃။        တင်ဒါပုံစံများကို ၁၈-၁၁-၂၀၂၅ ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း (ရုံးချုပ်)၊ ဖုန်း ၀၆၇-၄၀၈၁၈၅၊ ၀၆၇-၄၀၈၁၅၆ သို့  ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။


 


Top