THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင် Ekarat အလုပ်ရုံ၏ မြေဧရိယာ ၂...

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင် Ekarat အလုပ်ရုံ၏ မြေဧရိယာ ၂.၄၇၀ ဧက နှင့် ၎င်းမြေပေါ်ရှိ အဆောက်အဦ (၄) လုံး ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း


Tue 28-10-2025 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင်
Ekarat အလုပ်ရုံ၏ မြေဧရိယာ ၂.၄၇၀ ဧက နှင့် ၎င်းမြေပေါ်ရှိ အဆောက်အဦ (၄) လုံး ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း

၁။    ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဒဂုံမြို့နယ် ၊ စက်မှုဇုန် (၁) ၊ (၂၃) ရပ်ကွက် ၊ မိုးကုတ်လမ်း ၊ အမှတ် (၄၇၆) တွင် တည်ရှိသော Ekarat အလုပ်ရုံ၏ မြေဧရိယာ ၂.၄၇၀ ဧက နှင့် ၎င်းမြေပေါ်ရှိအဆောက်အဦ (၄) လုံး အား စက်မှုထုတ်ကုန် ၊ စားသောက်ကုန်ထုတ်လုပ်မှုနှင့် ယင်းနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် နှစ်တို (၅)နှစ် ငှားရမ်းနိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။     ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း / ပြည်ပ ကုမ္ပဏီများသည် မိမိတို့၏ တင်ဒါတင်သွင်းလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၁၂-၁၁-၂ဝ၂၅) ရက်နေ့၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံ နှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြသည့် တင်ပြစာ ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့် သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၂၉-၁၀-၂ဝ၂၅) ရက်နေ့ မှစ၍ လာရောက်ဝယ်ယူနိုင်ပါသည်။
        ( သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆ )


Top