အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း လက်အောက်ရှိ ဝါကြိတ်စက်ရုံများနှင့် ချည်မျှင်စက်ရုံများအတွက် လိုအပ်သော ပြည်တွင်းချည်မျှင်ရှည်ဝါ (A) အဆင့် ၂၇၇,၉၆၂ ပိဿာ၊ ဝါဂွမ်း (A) အဆင့် ၂၈၀,၀၀၀ ပိဿာနှင့် (C) အဆင့် ၁၀၀,၀၀၀ ပိဿာတို့အား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ တင်ဒါအဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
တင်ဒါပုံစံရောင်းချမည့်ရက် - ၂၈.၁၀.၂၀၂၅ (အင်္ဂါနေ့)
တင်ဒါပိတ်ရက် - ၁၀.၁၁.၂၀၂၅ (တနင်္လာနေ့)
၂။ အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင် စုံစမ်းနိုင်ပါသည်-
ထုတ်လုပ်ရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်။
၀၆၇-၃၄၀၈၁၃၈ ၊ ၀၆၇-၃၄၀၈၄၃၉၊ ၀၆၇-၃၄၀၈၄၉၂။