စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်းမှ
မြေနှင့်အဆောက်အဦငှားရမ်းဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၂၀၅) ရှိ မြေဧရိယာ(၀.၅၆၈) ဧကနှင့် အဆောက်အဦအား ပုဂ္ဂလိကသို့ ငှားရမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ တင်ဒါဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံများစတင်ရောင်းချမည့်ရက်/နေရာ - ၂၀.၁၀.၂၀၂၅ (တနင်္လာနေ့)၊ ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း
(ခ) တင်ဒါပိတ်မည့်ရက်/အချိန် - ၅.၁၁.၂၀၂၅ (ဗုဒ္ဓဟူးနေ့) ၁၆း၀၀ နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/အချိန် - ကြေငြာပေးပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း၊ နေပြည်တော်။
၃။ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များဖြင့် စုံစမ်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း၊ အုပ်ချုပ်ရေးဌာန
ဖုန်း-၀၆၇-၄၀၈၂၀၅ ၊ ၀၆၇-၄၀၈၁၈၇