စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) ပိုင် မြေလွတ်များအား
ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက် ရက်သတ္တ (၂) ပတ် သက်တမ်းတိုးမြှင့်၍
တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် (၁) ၊ (၂၃) ရပ်ကွက်၊ မိုးကုတ်လမ်းတွင် တည်ရှိသည့် အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) ရှိ အောက်ဖော်ပြပါ မြေကွက်များအား စက်မှုထုတ်ကုန်၊ စားသောက်ကုန် နှင့် သိုလှောင်ရုံလုပ်ငန်းများဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကာလတို (၅)နှစ် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူသွားမည် ဖြစ်ပါသည်-
တင်ဒါအမှတ်စဉ်(၁) - မြေကွက်အမှတ် (၅၁၃A) ၊ မြေလွတ်ဧရိယာ (၁.၉၁၇)ဧက
တင်ဒါအမှတ်စဉ်(၃) - မြေကွက်အမှတ် (၄၇၆F) ၊ မြေလွတ်ဧရိယာ (၂.၉၂၀)ဧက
၂။ အပိုဒ် (၁) ပါ တင်ဒါ (၂) ခု အနက် အဆိုပြုလွှာဝယ်ယူလိုသည့် တင်ဒါအမှတ်စဉ်အား တင်ဒါအဆိုပြုလွှာပုံစံ ရွေးချယ်ဝယ်ယူ၍ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်ပါသည်။
၃။ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ တင်ဒါအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၂၄.၁၀.၂၀၂၅) ရက်နေ့ ၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၄။ တင်ဒါအဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့်တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၃.၁၀.၂၀၂၅) ရက်နေ့မှစ၍ လာရောက်ဝယ်ယူနိုင်ပါသည်။
( သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-ဝ၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆ )