စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)တွင် Steel Billet များ ထုတ်လုပ်ရန်အတွက် ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါ ပစ္စည်းများအား စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်-
Scrap ကုန်ကြမ်း HMS-1 (2100) Tons
၂။ တင်ဒါပုံစံများကို (၁၃.၁၀.၂၀၂၅) ရက်နေ့မှစ၍ ရုံးချိန်အတွင်း ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း (ရုံးချုပ်)၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်တွင် ဝယ်ယူနိုင်ပြီး၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၆၇-၄၀၅၀၅၆ တွင် စုံစမ်းနိုင်ပါသည်။
၃။ တင်ဒါပိတ်ရက်နှင့်အချိန် - (၁၁.၁၁.၂၀၂၅) ရက်နေ့၊ (၁၆း၀၀)နာရီ။
၄။ တင်ဒါတင်သွင်းရမည့်နေရာ - ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း