THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၈)အထည်စက်ရုံခွဲ (ရမည်းသင...

စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၈)အထည်စက်ရုံခွဲ (ရမည်းသင်း) တွင် ဆေးရုံသုံးမွေ့ရာများ ထုတ်လုပ်ရန်လိုအပ်သော ကုန်ကြမ်းပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Wed 17-09-2025 No.3 Heavy Industrial Enterprise

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၈)အထည်စက်ရုံခွဲ (ရမည်းသင်း) တွင် ဆေးရုံသုံးမွေ့ရာများ ထုတ်လုပ်ရန်လိုအပ်သော အောက်ဖော်ပြပါ အမျိုးအစားအလိုက် ကုန်ကြမ်းရေမြှုပ်(၃)မျိုးနှင့် သားရေတုနက်ပြာ၅၅"(၂,၇၅၀)ကိုက်တို့အား မြန်မာကျပ်ငွေဖြင့်ဝယ်ယူလိုပါ၍ တင်ဒါအဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
    စဉ်               အမျိုးအစား                 အရေအတွက်
    (က)    ရေမြှုပ် (78" x 36" x 3")             ၅၀၀ ခု
    (ခ)     ရေမြှုပ် (37.6" x 25" x 2")            ၂၀၀ ခု
    (ဂ)     ရေမြှုပ် (89" x 6.2" x 1")              ၂၀၀ ခု
    (ဃ)   သားရေတု(နက်ပြာ) ၅၅"             ၂,၇၅၀ ကိုက်
        တင်ဒါပုံစံရောင်းချမည့်ရက်        -    ၁၇.၉.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
        တင်ဒါပိတ်ရက်                        -    ၂၃.၉.၂၀၂၅ (အင်္ဂါနေ့)
၂။    အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင် စုံစမ်းနိုင်ပါသည်-
    ထုတ်လုပ်ရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်။
    ၀၆၇-၃၄၀၈၁၃၈ ၊ ၀၆၇-၃၄၀၈၄၃၉ ၊ ၀၆၇-၃၄၀၈၄၉၂ ။    
 


Top