THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း စက်နှင့်စက်အရန်ပစ္စည်းများ ဝယ်ယ...

စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း စက်နှင့်စက်အရန်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Wed 17-09-2025 No.3 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း
စက်နှင့်စက်အရန်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) အတွက် အောက်ဖော်ပြပါ စက်နှင့်စက်အရန်ပစ္စည်း(၁၈၇)မျိုး ဝယ်ယူမည်ဖြစ်ပြီး စက်ရုံသို့အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူဖြည့်ဆည်းဆောင်ရွက်လိုပါသည်-
        (၁)    Spare Parts for Spinning Machineries (၆၀)မျိုး
        (၂)    Spare Parts for Weaving Machineries (၃၄)မျိုး
        (၃)    Spare Parts for Finishing Machineries (၃၈)မျိုး
        (၄)    Electrical Parts (၄၇)မျိုး
        (၅)    Equipment for Water Treatment (၈)မျိုး
၂။    တင်ဒါပေးသွင်းရမည့်အစီအစဉ်
       (က)    တင်ဒါပုံစံရောင်းချမည့်ရက်             -    ၁၈.၉.၂၀၂၅
        (ခ)    တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန်     -    ၂.၁၀.၂၀၂၅၊ ၁၆း၀၀ နာရီ
        (ဂ)    တင်ဒါတင်သွင်းရမည့်နေရာ              -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်‌တော်
၃။    တင်ဒါပုံစံကို ၁၈.၉.၂၀၂၅ ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း (ရုံးချူပ်)၊ဖုန်း ၀၆၇-၄၀၈၁၈၅၊ ၀၆၇-၄၀၈၃၃၈ နှင့် အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)၊ ဖုန်း ၀၉-၄၀၈၂၇၀၄၀၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 


Top