THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အမှတ် (၂၄) အကြီးစားစက်ရုံ(ဒဂုံ)ပ...

စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အမှတ် (၂၄) အကြီးစားစက်ရုံ(ဒဂုံ)ပိုင် မြေကွက်လွတ်များအား ပုဂ္ဂလိကသို့ နှစ်တိုငှားရမ်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း


Tue 02-09-2025 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ် (၂၄) အကြီးစားစက်ရုံ(ဒဂုံ)ပိုင် မြေကွက်လွတ်များအား ပုဂ္ဂလိကသို့ နှစ်တိုငှားရမ်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း

၁။   ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)၊ (၂၃)ရပ်ကွက်၊ မိုးကုတ်လမ်းတွင် တည်ရှိသည့် အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ အောက်ဖော်ပြပါမြေကွက်များအား စက်မှုထုတ်ကုန်၊ စားသောက်ကုန်နှင့် သိုလှောင်ရုံလုပ်ငန်းများဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကာလတို (၅) နှစ် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူသွားမည် ဖြစ်ပါသည်-
       တင်ဒါအမှတ်စဉ် (၁) မြေကွက်အမှတ်(၅၁၃A)    မြေလွတ်ဧရိယာ(၁.၉၁၇)ဧက
       တင်ဒါအမှတ်စဉ် (၂) မြေကွက်အမှတ်(၅၁၃)နှင့်(၄၇၇)    မြေလွတ်ဧရိယာ(၁.၀၅၀)ဧက
       တင်ဒါအမှတ်စဉ် (၃) မြေကွက်အမှတ်(၄၇၆ F)    မြေလွတ်ဧရိယာ(၂.၉၂၀)ဧက
       တင်ဒါအမှတ်စဉ် (၄) မြေကွက်အမှတ်(၄၇၆ F)    မြေလွတ်ဧရိယာ(၀.၂၈၃)ဧက
၂။    အပိုဒ်(၁)ပါ တင်ဒါ(၄)ခုအနက် အဆိုပြုလွှာဝယ်ယူလိုသည့် တင်ဒါအမှတ်စဉ်အား တင်ဒါ အဆိုပြုလွှာပုံစံ ရွှေးချယ်ဝယ်ယူ၍ တင်ဒါအဆိုပြုလွှာတင်သွင်းနိုင်ပါသည်။
၃။   ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း / ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ တင်ဒါ အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ၊ စီမံရေးဌာန ၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၂၉-၉-၂၀၂၅) ရက်နေ့၊ ညနေ (၃း၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၄။   တင်ဒါအဆိုပြုလွှာပုံစံ နှင့် အခြား သက်ဆိုင်ရာစာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၂၈-၈-၂၀၂၅) ရက်နေ့မှစ၍ လာရောက် ဝယ်ယူနိုင်ပါသည်။(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆)
 


Top