THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန၊ အမှတ် (၃၁) အကြီးစားစက်ရုံ (ဘိလပ်မြေစက်ရုံ-သရက်) အား Public Pri...

စက်မှုဝန်ကြီးဌာန၊ အမှတ် (၃၁) အကြီးစားစက်ရုံ (ဘိလပ်မြေစက်ရုံ-သရက်) အား Public Private Partnership ( PPP ) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI )  ခေါ်ယူခြင်း


Tue 26-08-2025 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ် ( ၂ )  အကြီးစားစက်မှုလုပ်ငန်း
အမှတ် ( ၃၁ ) အကြီးစားစက်ရုံ ( သရက် )
Public Private Partnership ( PPP ) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ        
  (Expression of Interest - EoI )  ခေါ်ယူခြင်း

    စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊  အမှတ် (၃၁) အကြီးစားစက်ရုံ (ဘိလပ်မြေစက်ရုံ-သရက်) အား ပြည်တွင်း ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ  (Expression of Interest - EoI) ကို (၁) လသက်တမ်းတိုး ခေါ်ယူသွားမည်ဖြစ်ပါသည်။
    စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော  ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ် ( ၂ ) အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ် (၄၁) ၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူ၍ (၃၀-၉-၂၀၂၅) ရက်နေ့ ၊ ညနေ (၃:၀၀) နာရီ ( မြန်မာစံတော်ချိန် ) အရောက်ပေးပို့တင်ပြရမည်ဖြစ်ပါသည်။  
    အဆိုပြုလွှာပုံစံနှင့် စာရွက်စာတမ်းများကို     အောက်ပါကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် လာရောက်ထုတ်ယူနိုင်ပါသည်-
    (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ
    ( ခ )    သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်လက်မှတ်
    ( ဂ )    ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/ စည်းမျဉ်း
    (ဃ)    ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Conatct Person ၏အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း၊ Email
        (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉) 


Top