စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင် မြေကွက်အမှတ် (၄၇၆) ရှိ
မြေ နှင့်အဆောက်အဦများအား ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက်
ရက်သတ္တတစ်ပတ် သက်တမ်းတိုးမြှင့်၍ တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် (၁)၊ (၂၃) ရပ်ကွက် ၊ မိုးကုတ်လမ်း ၊ အမှတ် (၄၇၆) တွင် တည်ရှိသည့် အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) ရှိ အောက်ဖော်ပြပါ မြေနှင့် အဆောက်အဦများအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကာလတို (၅)နှစ် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူသွားမည် ဖြစ်ပါသည်-
တင်ဒါအမှတ်စဉ်(၁) မြေဧရိယာ ၀.၉၇၄ ဧက နှင့် ယင်းမြေပေါ်ရှိ အဆောက်အဦး (၂)လုံး၊
ransformer (၁)လုံး
(စက်မှုထုတ်ကုန် ၊ စားသောက်ကုန် နှင့် သိုလှောင်ရုံလုပ်ငန်းများဆောင်ရွက်ရန် )
တင်ဒါအမှတ်စဉ်(၃) မြေလွတ်ဧရိယာ ၁.၃၇၈ ဧက
( စက်မှုထုတ်ကုန် ၊ စားသောက်ကုန် နှင့် သိုလှောင်ရုံလုပ်ငန်းများဆောင်ရွက်ရန် )
၂။ အပိုဒ် (၁) ပါ တင်ဒါ (၂) ခုအနက် အဆိုပြုလွှာဝယ်ယူလိုသည့် တင်ဒါအမှတ်စဉ်အား တင်ဒါအဆိုပြုလွှာပုံစံ ရွေးချယ်ဝယ်ယူ၍ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်ပါသည်။
၃။ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ တင်ဒါအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန ၊ အမှတ် (၂)အကြီးစားစက်မှုလုပ်ငန်း ၊ စီမံရေးဌာန ၊ ရုံးအမှတ်(၄၁) နေပြည်တော်သို့ လိပ်မူ၍ (၁၃.၈.၂၀၂၅) ရက်နေ့ ညနေ (၃း၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၄။ တင်ဒါအဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ ၊ ကုမ္ပဏီဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၅.၈.၂၀၂၅)ရက်နေ့မှစ၍ လာရောက်ဝယ်ယူနိုင်ပါသည်။ ( သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆ )