အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ အောက်ဖော်ပြပါ စက်ရုံနှင့် ချည်မျှင်နှင့်အထည်နည်းပညာဖွံ့ဖြိုးရေးဌာန(DCTT)ရန်ကုန်တို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသည်-
စဉ် လုပ်ငန်းအမည်
၁။ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)
- ဗေဒါကန်(၇)ကန်ပြုပြင်ခြင်း(နှုန်းဆယ်ခြင်း၊ကျောက်ပြားစီခြင်း၊ ရေဆိုးထွက်ရေတံခါးပေါက်များပြုပြင်ခြင်း၊ မြေသားတာဘောင်များပြုပြင်ခြင်း)
၂။ အမှတ်(၁၀)အထည်စက်ရုံ(တောင်သာ)
- 11KV 1200AMP Incoming Feeder ပြုပြင်ခြင်း
၃။ ချည်မျှင်နှင့်အထည်နည်းပညာဖွံ့ဖြိုးရေးဌာန(DCTT)ရန်ကုန်
- ရုံးအဆောက်အဦအမိုးဧရိယာ(၈၁၈၀ စတုရန်းပေ)အားပြုပြင်မွမ်းမံခြင်း
၂။ ဈေးနှုန်းတင်သွင်းလွှာများကိုပေးသွင်းရမည့်အစီအစဉ်
(က) တင်ဒါပိတ်သိမ်းမည့် ရက်နှင့်အချိန် - (၁၈.၇.၂၀၂၅)ရက်နေ့ ၊ (၁၆:၀၀)နာရီ
(ခ) တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်
၃။ တင်ဒါပုံစံကို(၃.၇.၂၀၂၅)ရက်နေ့မှစ၍ ရုံးချိန်အတွင်း နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)ဖုန်း၀၆၇-၄၀၈၁၂၉၊ အမှတ် (၁)အထည်စက်ရုံ(ရွှေတောင်)၊ ဖုန်း၀၉-၂၅၆၀၀၂၆၆၇၊ အမှတ်(၁၀)အထည်စက်ရုံ(တောင်သာ)၊ ဖုန်း၀၉-၆၉၄၀၀၃၁၂၉ နှင့် ချည်မျှင်နှင့်အထည်နည်းပညာဖွံ့ဖြိုးရေးဌာန (DCTT)(ရန်ကုန်)၊ ဖုန်း-၀၉၂၅၀၀၈၆၈၃၇ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။