ဆေးဝါးအရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ် သောဆေးဝါးများအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဌာနကြီးများကို ရောင်းချပြီး ပိုလျှံသောဆေးဝါး များကို ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆေးဝါးအရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများ တင်ဒါ ပေးသွင်းနိုင်ပါသည်-
တင်ဒါပုံစံ စတင်ရောင်းချမည့်ရက် - ၃.၇.၂၀၂၅
တင်ဒါပိတ်မည့်ရက်နှင့် အချိန် - ၁၈.၇.၂၀၂၅(၁၆:၀၀)နာရီ
၂။ အသေးစိတ်သိရှိလိုပါက မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရုံးအမှတ် (၃၇)၊ ၀၆၇-၃၄၀၈၃၈၁ နှင့် ၀၆၇-၃၄၀၈၁၄၉ တို့တွင် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဥက္ကဌ
တင်ဒါလက်ခံရေးနှင့် စိစစ်ရးကော်မတီ