THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News မြန်မာ့ဆေးဝါးလုပ်ငန်း စိတ်ဝင်စားမှုတင်ပြခြင်း လျှောက်လွှာခေါ်ယူခြင်း (Expression...

မြန်မာ့ဆေးဝါးလုပ်ငန်း စိတ်ဝင်စားမှုတင်ပြခြင်း လျှောက်လွှာခေါ်ယူခြင်း (Expression of Interest Invitation)


Fri 08-06-2018 Myanma Pharmaceutical Industrial Enterprise

စက်မှုဝန်ကြီးဌာန

မြန်မာ့ဆေးဝါးလုပ်ငန်း

စိတ်ဝင်စားမှုတင်ပြခြင်း လျှောက်လွှာခေါ်ယူခြင်း

(Expression  of  Interest  Invitation)

     ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှ (၇)မိုင်၊ ဟဲဟိုးမြို့မှ (၅)မိုင်အကွာ တောင်ကြီး မိတ္ထီလာကားလမ်းဘေးမိုင်တိုင်(၈၈/၁)ရှိ စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်း၊ မြင်းနှင့်သိုးမွေးမြူရေးဌာန(ဟဲဟိုး)ပိုင် ရုံးဝင်းကွက်၊ စိုက်ကွက် အမှတ်(၂) မြေနေရာများတွင်  ပုဂ္ဂလိက နှင့် အကျိုးတူပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့်  စိတ်ပါဝင်စားသော ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်အပ်ပါသည်-  

၁။ ရုံးဝင်းကွက် - ၈၈.၁၆  ဧက(အဆောက်အဦများအပါ)
၂။ စိုက်ကွက်အမှတ်(၂) - ၁၂၂.၅၇ ဧက
  လျှောက်လွှာစတင်ရောင်းချမည့်ရက်နှင့်အချိန် - ၁၁-၆-၂၀၁၈ (၀၉:၃၀)နာရီ
  လျှောက်လွှာပိတ်မည့်ရက်နှင့်အချိန် - ၂၉ -၆-၂၀၁၈ (၁၆:၀၀)နာရီ
  လျှောက်လွှာပေးသွင်းရမည့်နေရာ - ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေး
      ကော်မတီ၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊
      စက်မှုဝန်ကြီးဌာန၊
      ရုံးအမှတ်(၃၇)၊ နေပြည်တော်။

အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စီမံရေးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)

ဖုန်း - ၀၆၇-၄၀၈၃၇၀

ဖက်စ်- ၀၆၇ - ၄၀၈၁၉၅


Top