THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)ပိုင် မြေကွက်အမှတ် (၄၇၆) ရှိ မြေ နှင့် အဆောက်အဦမျာ...

အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)ပိုင် မြေကွက်အမှတ် (၄၇၆) ရှိ မြေ နှင့် အဆောက်အဦများအား ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း


Thu 19-06-2025 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)ပိုင် မြေကွက်အမှတ် (၄၇၆) ရှိ
မြေ နှင့် အဆောက်အဦများအား ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း

၁။     ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဒဂုံမြို့နယ် ၊ စက်မှုဇုန် (၁) ၊ (၂၃) ရပ်ကွက် ၊ မိုးကုတ်လမ်း ၊ အမှတ် (၄၇၆) တွင် တည်ရှိသည့် အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ အောက်ဖော်ပြပါ မြေ နှင့် အဆောက်အဦ များအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကာလတို (၅)နှစ် ငှားရမ်းဆောင်ရွက်နိုင်ရန် အတွက် တင်ဒါခေါ်ယူသွားမည် ဖြစ်ပါသည်-
    တင်ဒါအမှတ်စဉ်(၁)  မြေဧရိယာ ဝ.၉၇၄ ဧက နှင့် ယင်းမြေပေါ်ရှိ အဆောက်အဦ (၂)လုံး၊ 
                                 Transformer (၁)လုံး ( စက်မှုထုတ်ကုန် ၊ စားသောက်ကုန် နှင့် သိုလှောင်ရုံလုပ်ငန်းများ ဆောင်ရွက်ရန် )
    တင်ဒါအမှတ်စဉ်(၂)  မြေဧရိယာ ၁၃.၄၁ ဧက နှင့် ယင်းမြေပေါ်ရှိ အဆောက်အဦ (၁၁)လုံး 
                                ( လျှပ်စစ်သုံးယာဉ်များ တပ်ဆင် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်ရန် )
    တင်ဒါအမှတ်စဉ်(၃)  မြေလွတ်ဧရိယာ ၁.၃၇၈ ဧက 
                                 ( စက်မှုထုတ်ကုန် ၊ စားသောက်ကုန် နှင့် သိုလှောင်ရုံလုပ်ငန်းများ ဆောင်ရွက်ရန် )
    တင်ဒါအမှတ်စဉ်(၄)  ဆိုလာအလုပ်ရုံ၏ မြေဧရိယာ (၅.၁၂၈) ဧက နှင့် ယင်းမြေပေါ်ရှိအဆောက်အဦ (၁၈) လုံး 
                                 ( စက်မှုထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်ရန် )
၂။     အပိုဒ် (၁) ပါ တင်ဒါ (၄) ခု အနက် အဆိုပြုလွှာဝယ်ယူလိုသည့် တင်ဒါအမှတ်စဉ်အား တင်ဒါအဆိုပြုလွှာပုံစံ ရွေးချယ်ဝယ်ယူ၍ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်ပါသည်။
၃။     ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ တင်ဒါ အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန ၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ၊ စီမံရေးဌာန ၊ ရုံးအမှတ် (၄၁) ၊ နေပြည်တော်သို့ လိပ်မူ၍ (၁၈.၇.၂ဝ၂၅) ရက်နေ့ ၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၄။     တင်ဒါအဆိုပြုလွှာပုံစံ နှင့် အခြား သက်ဆိုင်ရာစာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ ၊ ကုမ္ပဏီဆိုင်ရာအထောက်အထားများ နှင့် သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၈.၆.၂၀၂၅)ရက်နေ့မှစ၍ လာရောက်ဝယ်ယူနိုင်ပါသည်။ ( သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆ )


Top