THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒ...

ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Wed 18-06-2025 Directorate of Industrial Collaboration

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန 
ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စာချုပ်စာတမ်းများစိစစ်ရေးဌာနမှ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် (စက်နှင့် စက်ပစ္စည်း) ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ သုတေသနဌာနဝင်းအတွင်းရှိ မူလဓာတ်ခွဲခန်းတွင်အသုံးပြုမည့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်း Laminar Air Flow (BSC-Level 2 Biosafety Cabinet)(1) No. ဝယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါ၍ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
    
    (က)    တင်ဒါပုံစံစတင်ရောင်းချမည့်ရက်     -    ၁၈ - ၆ - ၂၀၂၅ (ရုံးချိန်အတွင်း)
    ( ခ)    တင်ဒါပိတ်မည့်ရက်နှင့် အချိန်           -    ၂၅ - ၆ - ၂၀၂၅ (၁၆:၀၀) နာရီ
    ( ဂ)    တင်ဒါပေးသွင်းရမည့်နေရာ              -    ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)၊ နေပြည်တော်

၂။    တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါပုံစံများကို ဖော်ပြပါလိပ်စာ၌ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး တင်ဒါစည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ တင်သွင်းရမည် ဖြစ်ပါသည်။ တင်ဒါတင်သွင်းမည့် လုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီ Profile ကိုပါ တင်ပြရမည်ဖြစ်ပါသည်။

၃။    အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း(ဝ၆၇-၃၄၀၅၂၃၁)သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

စာချုပ်စာတမ်းများစိစစ်ရေးဌာန 
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန 
ရုံးအမှတ်(၃၀)၊ နေပြည်တော်


Top