စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း/ဝန်ကြီးဌာနများနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဘဏ္ဍာသိမ်း သံရည်ကျိုအပ်နှံမည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်/ယန္တရားစုစုပေါင်း(၁၀၁၅)စီးအား ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင်အပ်နှံပေးနိုင်မည့် ကုမ္ပဏီ/အဖွဲ့များအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ ဆောင်ရွက်လိုပါသည်-
(က) တင်ဒါပုံစံစတင်ထုတ်ယူနိုင်မည့်ရက် - ၁၆.၆.၂၀၂၅
( ခ ) တင်ဒါပိတ်မည့်ရက် - ၃၀.၆.၂၀၂၅
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်-
အုပ်ချုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန
ရုံးအမှတ်(၃၀)၊ နေပြည်တော်
ဖုန်း - ၀၆၇ ၃၄၀၅၄၅၁