စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း ကြီးကြပ်မှုအတွင်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၏ အောက်ဖော်ပြပါဆောက်လုပ်ရေးလုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသည်-
တည်နေရာ/ အမျိုးအမည် အရေအတွက်
ဆေးဝါးစက်ရုံ(အင်းစိန်)
-ဆောက်လုပ်ရေးလုပ်ငန်း (၃)မျိုး
တင်ဒါစတင်ရောင်းချမည့်ရက်နှင့်အချိန် - ၁၆-၆-၂၀၂၅ ၊ (၉:၃၀) နာရီ
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၄-၆-၂၀၂၅ ၊ (၁၆:၃၀) နာရီ
တင်ဒါပေးသွင်းရမည့်နေရာ - ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရုံးအမှတ်(၃၇)၊နေပြည်တော်။
၂။ အထက်ပါ တင်ဒါလုပ်ငန်းများအတွက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည် ဖြစ်ပါသည်။ အိတ်ဖွင့်တင်ဒါပုံစံများ၊ တင်ဒါစည်းကမ်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက အောက်ပါဌာနတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)စီမံရေးဌာန
ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်းအမှတ် ၊ ၀၆၇- ၃၄၀၈၃၇ဝ၊ ၃၄၀၈၂၇၅
ဆေးဝါးစက်ရုံ(အင်းစိန်)- ဝ၉-၆၇၂၂၀၄၅၈၈၊ ၀၉-၆၆၄၅၃၅၄၅၂