စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
ဆေးဝါးစက်ရုံ(အင်းစိန်၊ အင်ရောင်း)တို့အတွက်
ဆေးဝါး ကုန်ကြမ်းများ၊ တိရစ္ဆာန်အစားအစာများ၊ ထုပ်ပိုးနှင့်အခြားဆက်စပ်ပစ္စည်း(၉၇)မျိုး အဝယ်တင်ဒါ
၁။ ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)တို့အတွက် ဆေးဝါးကုန်ကြမ်းများ၊ တိရစ္ဆာန် အစားအစာများ၊ ထုပ်ပိုးနှင့်အခြားဆက်စပ်ပစ္စည်း(၉၇)မျိုးအား တင်ဒါခေါ်ဝယ်ယူသွားမည်ဖြစ်ပါသဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ကြေညာအပ်ပါသည်။
၂။ နိုင်ငံအတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။ နိုင်ငံတော်မှသတ်မှတ်ထားသည့်အခွန်များပေးဆောင်ပြီးသည့် ကုမ္ပဏီဖြစ်ရမည်။
၃။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက် - ၉ - ၆ - ၂၀၂၅
၄။ တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၇ - ၆ - ၂၀၂၅၊ (၁၆ : ဝ၀)နာရီ
၅။ ပစ္စည်းပေးသွင်းရမည့်စက်ရုံ - ဆေးဝါးစက်ရုံ(အင်းစိန်၊ အင်ရောင်း)
၆။ တင်ဒါပေးသွင်းရမည့်နေရာ - ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်။
၇။ တင်ဒါပုံစံ၊ တင်ဒါခေါ်ယူမည့်ပစ္စည်းများ၏စံချိန်စံညွှန်း၊ အရည်အသွေးသတ်မှတ်ချက်များနှင့် တင်ဒါစည်းကမ်းအသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)
စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်(၃၇)၊ နေပြည်တော်။
တယ်လီဖုန်းအမှတ်
၀၆၇၃-၄ဝ၈၃၈၈
၀၆၇၃-၄၀၈၃၅၄