စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂ဝ၂၅-၂ဝ၂၆ ခု ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)တို့အတွက် ဆေးဝါးကုန်ကြမ်းနှင့် ထုပ်ပိုးခွံများ၊ စက်နှင့်စက်ရန်ပစ္စည်းများအား ရန်ကုန်ဆိပ်ကမ်းမှ သက်ဆိုင်ရာစက်ရုံများသို့ ပို့ဆောင်ရန် ကုန်သေတ္တာတင်ယာဉ်ငှားရမ်းခ အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါသည်။
၂။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက် - ၉.၆.၂၀၂၅
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၂၀.၆.၂၀၂၅၊ (၁၆း၀၀)နာရီ
၃။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်း အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)
ရုံးအမှတ်(၃၇)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်းနံပါတ် - ၀၆၇ – ၃၄၀၈၂၇၆