THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၃၁)အကြီးစားစက်ရုံ (သရက်) Public Private Partnership ( PPP) အတွက် စိတ်ဝင်စာ...

အမှတ်(၃၁)အကြီးစားစက်ရုံ (သရက်) Public Private Partnership ( PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ(Expression of Interest - EoI)သက်တမ်းတိုးခေါ်ယူခြင်း


Fri 06-06-2025 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ် (၂)  အကြီးစားစက်မှုလုပ်ငန်း
အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်)
Public Private Partnership (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ        
(Expression of Interest - EoI)  သက်တမ်းတိုးခေါ်ယူခြင်း

    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၁)အကြီးစားစက်ရုံ(ဘိလပ်မြေစက်ရုံ-သရက်)အား ပြည်တွင်း ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ(Expression of Interest - EoI) ကို (၁) လသက်တမ်းတိုး ခေါ်ယူသွားမည်ဖြစ်ပါသည်။
    စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော  ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ် (၄၁) ၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူ၍ (၈-၇-၂၀၂၅) ရက်နေ့ ၊ ညနေ (၃:၀၀) နာရီ ( မြန်မာစံတော်ချိန်) အရောက်ပေးပို့တင်ပြရမည်ဖြစ်ပါသည်။  
    အဆိုပြုလွှာပုံစံနှင့် စာရွက်စာတမ်းများကိုအောက်ပါကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် လာရောက်ထုတ်ယူနိုင်ပါသည်-
    (က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ
    ( ခ ) သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်လက်မှတ်
    ( ဂ ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/ စည်းမျဉ်း
    (ဃ)  ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Conatct Person ၏အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း၊ Email
            (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၀၈၆၇၈ ၊ ၀၆၇-၃၄၀၈၆၇၉) 
 


Top