စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အထူးရန်ပုံငွေ (၂ဝ၂၃) ဖြင့် ဆောင်ရွက်လျက်ရှိသော စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေး ရှေ့ပြေးစီမံ ကိန်းအောက်၌ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန် တိုင်းတာရေးစက်ပစ္စည်းကိရိယာများ (Energy Audit Equipment) ဝယ်ယူခြင်းလုပ်ငန်းကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူဆောင်ရွက်လိုပါသည်။
တင်ဒါပုံစံများ စတင်ရောင်းချမည့်ရက် - ၂. ၆ .၂ဝ၂၅ ရက်နေ့
တင်ဒါပိတ်မည့်ရက်နှင့် အချိန် - ၉. ၆ .၂၀၂၅ ရက်နေ့ ၊ ၁၆:၀၀ နာရီ
၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များအား အောက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်း ဝယ်ယူနိုင်ပါသည်။
စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃ဝ)၊ နေပြည်တော်၊
ဖုန်း ဝ၆၇-၃၄ဝ၅၂၂၈