စက်မှုဝန်ကြီးဌာန
အမှတ် ( ၂ ) အကြီးစားစက်မှုလုပ်ငန်း
အမှတ် ( ၃၁ ) အကြီးစားစက်ရုံ ( သရက် )
Public Private Partnership ( PPP ) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest - EoI ) ခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၁)အကြီးစားစက်ရုံ (သရက်) ၏ ဘိလပ်မြေထုတ်လုပ်မှုအား နည်းပညာအဆင့်မြှင့်တင်၍ လက်ရှိထုတ်လုပ်မှုပမာဏထက် ပိုမိုထုတ်လုပ်နိုင်ရန်အတွက် Public Private Partnership ( PPP ) အစီအစဉ်ဖြင့် ပြည်တွင်း/ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ ( Expression of Interest - EoI ) ကို ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း / ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန ၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေးဌာန၊ ရုံးအမှတ် ( ၄၁ ) ၊ နေပြည်တော်သို့ လိပ်မူ၍ ( ၉.၈.၂၀၁၈) ရက်နေ့၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ တင်ပြရမည်ဖြစ်ပါသည်။
၃။ အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာအထောက် အထားများတင်ပြ၍ အထက်ပါလိပ်စာတွင် ( ၁၀.၇.၂၀၁၈) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။ တင်ပြရမည့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ-
(က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ
( ခ) သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်လက်မှတ်
( ဂ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/ စည်းမျဉ်း
(ဃ) နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီအချက်အလက်များ
( င) ရင်းနှီးမြှုပ်နှံလိုသူ၏လုပ်ကိုင်မည့်လုပ်ငန်းအတွက်အတွေ့အကြုံ
( စ) ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Conatct Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ Phone ၊ Email
(အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း၊ ၀၆၇- ၃၄၀၈၁၆၀၊ ၀၆၇- ၃၄၀၈၂၀၈)