THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ(ကျေ...

စက်မှုဝန်ကြီးဌာန အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ(ကျောက်ဆည်) Public Private Partnership (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူခြင်း


Mon 24-03-2025 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ(ကျောက်ဆည်)
Public Private Partnership (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ
(Expression of Interest - EoI) ခေါ်ယူခြင်း

    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ(ကျောက်ဆည်) အား ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည် ဖြစ်ပါသည်။
    စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူ၍ (၂၅-၄-၂၀၂၅) ရက်နေ့၊ ညနေ (၃း၀၀)နာရီ (မြန်မာစံတော်ချိန်)အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
    အဆိုပြုလွှာပုံစံနှင့် စာရွက်စာတမ်းများကို အောက်ပါကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် လာရောက်ထုတ်ယူနိုင်ပါသည်-
    (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းအကြားစာ
    (ခ)    သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်လက်မှတ်
    (ဂ)    ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း
    (ဃ)    ကုမ္ပဏီနှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း၊ Email (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၀၈၆၇၈၊ ၀၆၇-၃၄၀၈၆၇၉) 


Top