စက်မှုဝန်ကြီးဌာန
အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၃၁)အကြီးစားစက်ရုံ(သရက်)
Public Private Partnership (PPP) အတွက် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ
(Expression of Interest - EoI)ခေါ်ယူခြင်း
စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၁)အကြီးစားစက်ရုံ (ဘိလပ်မြေစက်ရုံ-သရက်)အား ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest-EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူ၍ (၂၅-၄-၂၀၂၅) ရက်နေ့၊ ညနေ(၃း၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
အဆိုပြုလွှာပုံစံနှင့် စာရွက်စာတမ်းများကို အောက်ပါကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် လာရောက်ထုတ်ယူနိုင်ပါသည်-
(က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းအကြားစာ
(ခ) သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင်လက်မှတ်
(ဂ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း
(ဃ) ကုမ္ပဏီနှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း၊ Email (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၀၈၆၇၈၊ ၀၆၇-၃၄၀၈၆၇၉)